ဧသတာ 8:14Common Language Bibleသို့ဖြစ်၍မြင်းစီးစာပို့လုလင်တို့သည်မင်း ကြီး၏အမိန့်တော်အရ ဘုရင့်မြင်းတော် များကိုစီး၍ခရီးပြင်းနှင်ကြကုန်၏။ မြို့ တော်ရှုရှန်၌လည်းထိုအမိန့်ကိုကြေညာ ကြလေသည်။ အခန်းကိုကြည့်ပါ။ |
မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။
မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-