Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 8:11

Common Language Bible

ထို​အ​မိန့်​စာ​များ​တွင်​မင်း​ကြီး​သည်​ယု​ဒ အ​မျိုး​သား​တို့​အား မိ​မိ​တို့​၏​အ​သက် ဘေး​ကို​ကာ​ကွယ်​ရန်​အ​တွက်​စု​ရုံး​ခွင့်​ပြု တော်​မူ​ကြောင်း​ပါ​ရှိ​လေ​သည်။ မည်​သည့် ပြည်​နယ်​၌​မ​ဆို​ယု​ဒ​ယောကျာ်း​နှင့်​ဇ​နီး သား​သ​မီး​များ​ကို​လက်​နက်​စွဲ​ကိုင်​တိုက် ခိုက်​လာ​သော​အ​ဘယ်​လူ​မျိုး​ကို​မ​ဆို ပြန်​လည်​တိုက်​ခိုက်​နိုင်​ခွင့်​ရှိ​ကြ​၏။ သူ တို့​အား​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​လျှင်​သူ​တို့​၏​ပစ္စည်း​များ​ကို​လု​ယူ နိုင်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

စာ​ပို့​လု​လင်​တို့​သည်​ထို​အ​မိန့်​တော်​ကို အင်​ပါ​ယာ​နိုင်​ငံ​တော်​အ​တွင်း​ရှိ​ပြည်​နယ် ရှိ​သ​မျှ​သို့​ယူ​ဆောင်​သွား​ကြ​၏။ ထို​အ​မိန့် တော်​တွင်``အာ​ဒါ​လ၊ ဆယ့်​သုံး​ရက်​နေ့​တစ်​နေ့ တည်း​၌​ယု​ဒ​အ​မျိုး​သား​လူ​ကြီး​လူ​ငယ် ယောကျာ်း​မိန်း​မ​ရှိ​သ​မျှ​ကို​မ​သ​နား၊ မ ညှာ​တာ​ဘဲ​သတ်​ဖြတ်​ကာ​သူ​တို့​၏​ဥစ္စာ ပစ္စည်း​များ​ကို​လု​ယူ​စေ'' ဟု​ပါ​ရှိ​၏။-

ရှု​ရှန်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​မူ​ကား ဆယ့်​သုံး​ရက်​နှင့်​ဆယ့်​လေး​ရက်​တွင်​ရန်​သူ များ​ကို​သတ်​ဖြတ်​၍ ဆယ့်​ငါး​ရက်​နေ့​တွင် ရပ်​နား​ကာ​ထို​နေ့​၌​ရွှင်​လန်း​သော​စား သောက်​ပွဲ​ကို​ကျင်း​ပ​ကြ​လေ​သည်။-

အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ဖြို​ဖျက်​ခြင်း​ခံ​ရ ပေ​လိမ့်​မည်။ ငါ​တို့​ကို​သင်​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​အ​တွက် သင့်​အား​လက်​စား​ချေ​သူ၊ သင်​၏​နို့​စို့​က​လေး​တို့​ကို​ကိုင်​၍​ကျောက်​ပေါ်​တွင် ဆောင့်​သတ်​သူ​သည်​မင်္ဂလာ​ရှိ​၏။

သူ​တော်​ကောင်း​တို့​မူ​ကား​ကိုယ်​တော်​၏​ရှေ့​တော်​တွင် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​၏။ သူ​တို့​သည်​အ​လွန်​ပင်​ပျော်​ရွှင်​ကြ​၍ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​၏။

ဘု​ရား​မဲ့​လူ​မျိုး၊ ငါ​၏​အ​မျက်​တော်​ကို​လှုံ့ ဆော်​ပေး​သည့်​လူ​တို့​အား​တိုက်​ခိုက်​ရန်​အာ ရှု​ရိ​အ​မျိုး​သား​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။ သူ​တို့​သည်​လု​ယက်​ခိုး​ဝှက်​ကာ​ထို​လူ​စု​ကို မြေ​မှုန့်​သ​ဖွယ် လမ်း​များ​ပေါ်​တွင်​ကျော်​နင်း ကြ​စေ​ရန်​ငါ​စေ​လွှတ်​ခဲ့​သ​တည်း'' ဟု မိန့်​တော်​မူ​၏။

ရန်​သူ​တို့​စွန့်​ပစ်​ထား​ခဲ့​သည့်​လက်​နက်​များ ကို​ရ​ရှိ​ကြ​မည်​ဖြစ်​၍​သူ​တို့​သည်​လွင်​ပြင် ၌​ထင်း​ခွေ​ရန်၊ တော​၌​သစ်​ပင်​များ​ခုတ်​လှဲ ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​မိ​မိ​တို့ အား​လု​ယက်​သတ်​ဖြတ်​ကြ​သူ​တို့​ကို​ပြန် ၍​တိုက်​ခိုက်​လု​ယက်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ