ဧသတာ 7:7Common Language Bibleမင်းကြီးသည်အမျက်ထွက်၍ညစာစား ပွဲမှထပြီးလျှင်ဥယျာဉ်တော်သို့ကြွတော် မူ၏။ ဟာမန်သည်ဤအမှုကိစ္စအတွက် မိမိအားဧကန်မုချမင်းကြီးအပြစ်ပေး တော်မူမည်ကိုသိသဖြင့် မိမိ၏အသက် ကိုချမ်းသာပေးပါမည့်အကြောင်း ဧသတာအားအသနားခံရန်နေ ရစ်ခဲ့၏။- အခန်းကိုကြည့်ပါ။ |
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။