ဧသတာ 6:6Common Language Bibleထို့ကြောင့်ဟာမန်သည်ရှေ့တော်သို့ဝင်ရောက် လာလေသည်။ ထိုအခါမင်းကြီးကသူ့အား``ငါ ဂုဏ်ပြုချီးမြှင့်လိုသူတစ်ယောက်ရှိသည်။ ထို သူကိုအဘယ်သို့ဂုဏ်ပြုချီးမြှင့်ရပါမည် နည်း'' ဟုမေးတော်မူ၏။ ဟာမန်သည်``အဘယ်သူအားမင်းကြီးဂုဏ်ပြု ချီးမြှင့်လိုပါလိမ့်မည်နည်း။ ငါ့ကိုသာလျှင် ဖြစ်တန်ရာ၏'' ဟုတွေးတောပြီးလျှင်၊- အခန်းကိုကြည့်ပါ။ |
ထိုနောက်ဟာမန်သည်မိမိအဘယ်မျှချမ်း သာကြွယ်ဝကြောင်း မိမိမှာသားယောကျာ်း အဘယ်မျှရှိကြောင်း၊ မိမိအားဘုရင်မင်း မြတ်သည်ကြီးမြင့်သည့်ရာထူးဖြင့်အဘယ် သို့ချီးမြှင့်တော်မူကြောင်း၊ မိမိသည်အခြား မင်းအရာရှိများထက် အဘယ်မျှပို၍အရေး ပါအရာရောက်ကြောင်းများကိုကြွားဝါပြော ဆိုလေသည်။-
ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။