ဧသတာ 6:10Common Language Bibleထိုအခါမင်းကြီးသည်ဟာမန်အား``အဝတ် တန်ဆာနှင့်မြင်းတော်ကိုအမြန်ယူ၍ယုဒ အမျိုးသားမော်ဒကဲအားဂုဏ်ပြုချီးမြှင့် လော့။ သင်ပြောသမျှအတိုင်းပြုလော့။ သူ သည်နန်းတော်အဝင်ဝတွင်ထိုင်လျက်နေ သည်ကိုသင်တွေ့ရှိလိမ့်မည်'' ဟုမိန့်တော် မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။
ထိုနောက်မှူးကြီးမတ်ကြီးတစ်ပါးကို ထိုသူ အားထိုတန်ဆာတော်များကိုဝတ်ဆင်ပေး စေပြီးလျှင် မြင်းပေါ်တွင်တင်၍မြင်းကို ဆွဲကာမြို့ကိုလှည့်လည်လျက်`ဘုရင်မင်းမြတ် သည်မိမိဂုဏ်ပြုချီးမြှင့်လိုသူအားအဘယ် သို့ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့' ဟု ကြွေးကြော်စေတော်မူပါ'' ဟုလျှောက်၏။
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှ သူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။ အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟု မိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။