ဧသတာ 2:7Common Language Bibleသူ့မှာဧသတာဆိုသူနှမဝမ်းကွဲရှိ၏။ ဧသတာ၏ယုဒနာမည်ကားဟဒဿ တည်း။ သူ၏မိဘများကွယ်လွန်သွားသော အခါမော်ဒကဲသည်သူ့ကိုမွေးစားကာ မိမိ၏သမီးအရင်းသဖွယ်ကျွေးမွေး ပြုစုခဲ့၏။ ဧသတာသည်အဆင်းလှ၍ ကိုယ်လုံးကိုယ်ပေါက်ကောင်းသည့်အမျိုး သမီးကလေးတစ်ဦးဖြစ်ပေသည်။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။-
ငါတို့သည်ဘုရားသခင်၏သားသမီးများ ဟုအခေါ်ခံရကြသောအခွင့်ကိုရကြသဖြင့် ငါတို့အားခမည်းတော်ဘုရားသည်မည်မျှ ချစ်တော်မူသည်ကိုဆင်ခြင်ကြလော့။ ငါတို့ သည်အကယ်ပင်ဘုရားသခင်၏သားသမီး များဖြစ်ကြ၏။ ဤအကြောင်းကြောင့်ဤလောက သားတို့ကငါတို့ကိုမသိ။ သူတို့သည်ခမည်း တော်ကိုလည်းမသိ။-