Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 2:21

Common Language Bible

နန်း​တွင်း​၌​မော်​ဒ​ကဲ​သည် အုပ်​ချုပ်​ရေး​တာ​ဝန် ကို​ထမ်း​ဆောင်​နေ​ရ​စဉ်​အ​ခါ ဘု​ရင့်​အ​ဆောင် တော်​တံ​ခါး​စောင့်​မိန်း​မ​စိုး​နှစ်​ယောက်​တို့​သည် ဇေ​ရဇ်​မင်း​အား​အ​မျက်​ထွက်​သ​ဖြင့်​လုပ် ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ဒါ​ဝိဒ်​သည်​အ​ဘိ​ရှဲ​နှင့်​မှူး​မတ် အ​ပေါင်း​တို့​အား``ငါ​၏​သား​ရင်း​က​ပင်​လျှင် ငါ့​ကို​သေ​ကြောင်း​ကြံ​လျက်​နေ​သည်​ဖြစ်​ရာ ဤ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ပြု​သည့်​အ​မှု​မှာ အံ့​သြ​လောက်​ပါ​သ​လော။ သူ​ပြု​လို​ရာ ပြု​ပါ​စေ။ ကျိန်​ဆဲ​ပါ​လေ​စေ။ ထာ​ဝ​ရ ဘု​ရား​စေ​ခိုင်း​တော်​မူ​သ​ဖြင့်​သူ​သည် ဤ​သို့​ပြု​လုပ်​ရ​ခြင်း​ဖြစ်​၏။-

ဘု​ရင့်​ရ​ထား​တပ်​ခွဲ​မှူး​ဇိ​မ​ရိ​ဆို​သူ​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​လေ​သည်။ တစ်​နေ့​သ​၌​မင်း​ကြီး​သည်​တိ​ရ​ဇ​မြို့​ရှိ​နန်း တော်​အုပ်​အာ​ဇ​၏​အိမ်​တွင်​သောက်​စား​မူး​ယစ် လျက်​နေ​စဉ်၊-

ယော​ရှ​မင်း​၏​မှူး​မတ်​တို့​သည်​သူ့​အား​လုပ်​ကြံ​ရန် လျှို့​ဝှက်​ကြံ​စည်​ကြ​၏။ ထို​သူ​တို့​အ​နက်​ရှိ​မတ် ၏​သား​ယော​ဇ​ကာ​နှင့်​ရှော​မေ​ရ​၏​သား​ယ​ဟော ဇ​ဗပ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​သိ​လ ရွာ​သွား​ရာ​လမ်း​ရှိ​ဖို့​မြေ​ပေါ်​တွင်​တည်​ဆောက် ထား​သော​စံ​နန်း​၌​သူ့​အား​လုပ်​ကြံ​ကြ​၏။ သူ့ အား​ဒါ​ဝိဒ်​မြို့​ရှိ​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​အာ​မ​ဇိ​သည် ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။

အာ​မုန်​၏​မှူး​မတ်​တို့​သည်​လျှို့​ဝှက်​ကြံ​စည် ကာ​သူ့​အား​နန်း​တော်​တွင်း​၌​လုပ်​ကြံ​ကြ​၏။-

ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင်​ဇေ​ရဇ်​နန်း​တက်​စ​၌ ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​သူ​တို့​၏​ရန်​သူ​များ​သည် သူ​တို့​အ​ပေါ်​၌​စွပ်​စွဲ​ချက်​တင်​သွင်း​ကြ​၏။

ဤ​အ​ချိန်​အ​တော​အ​တွင်း​၌​မင်း​ကြီး သည်​မော်​ဒ​ကဲ​အား အုပ်​ချုပ်​ရေး​ရာ​ထူး တစ်​နေ​ရာ​တွင်​ခန့်​ထား​တော်​မူ​၏။-

ထို​ည​၌​မင်း​ကြီး​သည်​စက်​တော်​ခေါ်​၍​မ​ရ သ​ဖြင့် အင်​ပါ​ယာ​နိုင်​ငံ​တော်​မှတ်​တမ်း​များ ကို​တောင်း​ယူ​ကာ​ဖတ်​ပြ​စေ​တော်​မူ​၏။-

ယင်း​မှတ်​တမ်း​များ​တွင်​အ​ဆောင်​တော်​စောင့် မိန်း​မ​စိုး​ဗိ​ဂ​သန်​နှင့်​တေ​ရက်​တို့​သည် မင်း ကြီး​အား​လုပ်​ကြံ​ရန်​လျှို့​ဝှက်​ကြံ​စည်​မှု ကို​အ​ဘယ်​သို့​မော်​ဒ​ကဲ​တွေ့​ရှိ​ရ​သည့် အ​ကြောင်း​ပါ​ရှိ​လေ​သည်။-

ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။

ဒံ​ယေ​လ​၏​ပန်​ကြား​ချက်​အ​ရ​မင်း​ကြီး သည်​ရှာ​ဒ​ရက်၊ မေ​ရှက်​နှင့်​အ​ဗေ​ဒ​နေ​ဂေါ တို့​အား​ဗာ​ဗု​လုန်​ပြည်​နယ်​အုပ်​ချုပ်​ရေး တာ​ဝန်​များ​ကို​အပ်​နှင်း​တော်​မူ​၏။ ဒံ​ယေ​လ ကို​မူ​ကား​နန်း​တော်​တွင်း​၌​အ​မှု​ထမ်း​စေ တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ