Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 2:18

Common Language Bible

ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​လာ​ဗန်​သည်​လက်​ထပ်​မင်္ဂလာ​ဧည့်​ခံ​ပွဲ ကို​ကျင်း​ပ​၍ ထို​ပွဲ​သို့​လူ​တိုင်း​အား​ဖိတ်​ကြား လေ​သည်။-

လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လှည့်​လည်​၍​ထို နေ့​မြတ်​၌ ဝမ်း​မ​နည်း​ဘဲ​စိတ်​တည်​ငြိမ်​မှု ရှိ​ကြ​ရန်​လူ​တို့​အား​ပြော​ကြား​ကြ​၏။-

မင်း​ကြီး​သည်​စ​ပျစ်​ရည်​ကို​ရွှေ​ဖ​လား​များ နှင့်​ထည့်​၍​တိုက်​စေ​တော်​မူ​၏။ ထို​ဖ​လား​တို့ သည်​တစ်​ခု​နှင့်​တစ်​ခု​ဆင်​သည်​ဟူ​၍​မ​ရှိ ပေ။ စ​ပျစ်​ရည်​ကို​ရက်​ရော​စွာ​တိုက်​စေ​တော် မူ​၏။-

ထို​နေ့​ရက်​များ​သည်​ရန်​သူ​တို့​အား​ယု​ဒ အ​မျိုး​သား​တို့​သုတ်​သင်​ပယ်​ရှင်း​သည့်​နေ့ များ​ဖြစ်​သည်။ ထို​လ​သည်​သူ​တို့​စိတ်​ပျက် ဝမ်း​နည်း​ခြင်း​မှ​ဝမ်း​မြောက်​ရွှင်​မြူး​ခြင်း​သို့ ကူး​ပြောင်း​ရာ​လ​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​တို့ သည်​ထို​နေ့​ရက်​တို့​တွင်​ပျော်​ရွှင်​ပွဲ​များ ကျင်း​ပ​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​အား လည်း​ကောင်း၊ ဆင်း​ရဲ​သူ​များ​အား​လည်း ကောင်း​အ​စား​အ​စာ​လက်​ဆောင်​များ ပေး​ကမ်း​ကြ​ရန်​ဖြစ်​ပေ​သည်။-

ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။

ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော်​သည်​သား တော်​အ​တွက်​မင်္ဂ​လာ​ဆောင်​ဧည့်​ခံ​ပွဲ​ကို​ပြင်​ဆင် ထား​သည့်​ဘု​ရင်​တစ်​ပါး​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ် အ​ပျက်​နှင့်​တူ​၏။-

ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။-

ကိုယ်​တော်​က ``သင်​သည်​မင်္ဂ​လာ​ဆောင်​ပွဲ​သို့​ဖိတ် ခေါ်​ခြင်း​ခံ​ရ​သော​အ​ခါ အ​ကောင်း​ဆုံး​သော နေ​ရာ​တွင်​မ​ထိုင်​နှင့်။ အ​ကယ်​၍​သင့်​ထက်​ဂုဏ် မြင့်​သူ​တစ်​ဦး​အား​လည်း​ဖိတ်​ခေါ်​ထား​ခဲ့​သော်။-

ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။

ဤ​အ​ကြောင်း​ကို​သိုး​ထိန်း​တို့​အား​မေး​မြန်း လျှင်​သင်​သိ​ရှိ​နိုင်​ပါ​လိမ့်​မည်။ ကျွန်​တော်​တို့ သည်​ဤ​ပွဲ​နေ့​၌​ဤ​အ​ရပ်​သို့​လာ​ပါ​ပြီ။ ဒါ​ဝိဒ်​က​ကျွန်​တော်​တို့​အား​ကြို​ဆို​ဧည့်​ခံ ပါ​ရန်​ပန်​ကြား​လိုက်​ပါ​၏။ သင်​၏​အ​စေ​ခံ ကျွန်​တော်​တို့​အား​လည်း​ကောင်း၊ သင်​၏​မိတ် ဆွေ​ဒါ​ဝိဒ်​အား​လည်း​ကောင်း​သင်​ပေး​နိုင် သည့်​အ​ရာ​ကို​ကျေး​ဇူး​ပြု​၍​ပေး​ပါ​လော့။'




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ