ဧသတာ 2:12Common Language Bibleအမျိုးသမီးများအတွက် ပြုလုပ်နေကျ အလှပြုပြင်မှုမှာတစ်နှစ်မျှကြာလေ သည်။ သူတို့အားမုရန်ဆီဖြင့်ခြောက်လ၊ သစ်ဆီမွှေးဖြင့်နောက်ထပ်ခြောက်လနှိပ်နယ် ပေးရ၏။ ထိုနောက်အမျိုးသမီးများသည် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ဇေရဇ်မင်း၏အထံတော်သို့ဝင်ကြရ သည်။- အခန်းကိုကြည့်ပါ။ |
အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် အပေါင်းတွင် မင်းအရာရှိများကိုခန့်ထား၍ အဆင်းလှသည့်အပျိုကညာအပေါင်းကို မြို့တော်ရှုရှန်ရှိအရှင့်အပျိုတော်ဆောင်သို့ ခေါ်ဆောင်လာစေတော်မူပါ။ သူတို့အား အရှင့်မိန်းမစိုးဟေဂဲ၏လက်တွင်အပ်၍ အလှပြုပြင်ပေးစေတော်မူပါ။-
ဟေဂဲသည်ဧသတာအားစိတ်နှင့်တွေ့သဖြင့် မျက်နှာသာပေး၏။ နှိပ်နယ်ပေးခြင်း၊ အထူး အစားအစာကိုကျွေးခြင်းတို့ကိုအလျင် အမြန်စတင်ပြုလုပ်ပေး၏။ အပျိုတော် ဆောင်တွင်အကောင်းဆုံးနေရာထိုင်ခင်းကို ပေး၍ နန်းတွင်းသူအမျိုးသမီးခုနစ် ယောက်ကိုအထူးရွေးချယ်ကာဧသတာ ကိုလုပ်ကျွေးပြုစုစေ၏။
သူတို့သည်ရေမွှေးနံ့မရဘဲပုပ်စပ်နံစော် ၍နေလိမ့်မည်။ လှပသည့်ခါးပတ်များအစား ကြိုးကြမ်းများကိုအသုံးပြုရကြလိမ့်မည်။ ရှုချင်စဖွယ်ကောင်းသောဆံထုံးများအစား ဦးပြည်းခေါင်းတုံးထားရကြလိမ့်မည်။ တင့် တယ်လှပသောဝတ်စားတန်ဆာများအစား အဝတ်စုတ်များကိုဝတ်ဆင်ရကြလိမ့်မည်။ သူတို့၏နှစ်လိုဖွယ်ရာအဆင်းသည်လည်း ရှက်ဖွယ်ရာအဖြစ်သို့ပြောင်းလဲ၍သွား လိမ့်မည်။