ဧသတာ 1:7Common Language Bibleမင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။- အခန်းကိုကြည့်ပါ။ |
ထိုနောက်မိမိ၏မှူးမတ်များနှင့်မင်းအရာ ရှိအပေါင်းကိုဖိတ်ကြားတော်မူ၍ ဧသတာ အားဂုဏ်ပြုစားသောက်ပွဲကြီးကိုကျင်းပ တော်မူ၏။ သူသည်အင်ပါယာနိုင်ငံတော် တစ်ဝှမ်းလုံးတွင်ထိုနေ့ကိုအလုပ်နားရက် အဖြစ်သတ်မှတ်ကြေငြာတော်မူ၍ ဘုရင့် ဂုဏ်နှင့်လျော်စွာဆုတော်လာဘ်တော်များ ကိုလည်းပေးသနားတော်မူ၏။
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-