လူ၏အစေကိုခံသကဲ့သို့သာမကဘုရား သခင်၏အစေကိုခံသကဲ့သို့ ဝမ်းမြောက် ရွှင်လန်းစွာအလုပ်ကိုလုပ်ဆောင်ကြလော့။-
ငါသည်သင်တို့၏ဖခင်အတွက်အစွမ်းကုန် အလုပ်လုပ်ခဲ့ကြောင်းသင်တို့နှစ်ဦးစလုံး သိကြ၏။-
သူ၏အစေခံတို့သည် သူ့ထံသို့ချဉ်းကပ်၍``အရှင်၊ အကယ်၍ပရောဖက်ကအရှင့်အားခက်ခဲသည့် အမှုတစ်စုံတစ်ခုကိုပြုလုပ်ခိုင်းပါက အရှင် နာခံမည်မဟုတ်ပါလော။ `ရေချိုး၍ရောဂါပျောက် ကင်းလော့' ဟုခိုင်းသည်ကိုပို၍နာခံသင့်သည် မဟုတ်ပါလော'' ဟုလျှောက်ထားကြ၏။-
သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။-
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-