Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 5:20

Common Language Bible

ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်းဟု ဆိုလေ၏။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို အ​စဉ်​မ​ပြတ်​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​အား​အ​ခါ​ခပ်​သိမ်း​ထော​မ​နာ​ပြု​မည်။

ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပျက်​ကွက်​ခြင်း မ​ရှိ​သော မေတ္တာ​တော်​အ​ကြောင်း​ကို​ဖော်​ပြ​မည်။ ငါ​တို့​အ​ဖို့​ပြု​တော်​မူ​ခဲ့​သော​အ​မှု​တော် အ​ပေါင်း အ​တွက်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ ကိုယ်​တော်​သည်​မိ​မိ​၏​မေတ္တာ က​ရု​ဏာ​တော်​ကို​ထောက်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကောင်း​ချီး မင်္ဂ​လာ ကြွယ်​ဝ​စွာ​ချ​ပေး​တော်​မူ​ပြီ။

သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-

တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-

သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-

ငါ​သည်​သင်​တို့​အား​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကျေး​ဇူး​တော် ကို​ထောက်​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​စဉ်​ချီး​မွမ်း​၏။-

ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။-

ညစ်​ညမ်း​သော​စ​ကား၊ ယုတ်​မာ​သော​စ​ကား၊ ရိုင်း​စိုင်း​သော​စ​ကား​များ​ကို​လည်း​မ​ပြော မ​ဆို​အပ်။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့် စ​ကား​များ​ကို​သာ​လျှင်​ပြော​ဆို​အပ်​၏။-

သင်​တို့​အ​ကြောင်း​ကို​သ​တိ​ရ​သည့်​အ​ခါ​တိုင်း ငါ​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​၏။-

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-

သို့​ဖြစ်​၍​သင်​တို့​သည်​ပြော​ဆို​ပြု​မူ​ရာ​တွင် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​ထောက်​၍​ပြော​ဆို​ပြု​မူ​ကြ လော့။ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ဖ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

သင်​တို့​အ​တွက်​ကြောင့်​လည်း​ကောင်း၊ သင်​တို့ ကို​အ​ကြောင်း​ပြု​၍​ရှေ့​တော်​တွင်​ဝမ်း​မြောက် ရွှင်​လန်း​ခွင့်​ကို​ရ​ရှိ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ငါ​တို့​ချီး​မွမ်း​ကြ​၏။-

အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။

ငါ​တို့​၏​ညီ​အစ်​ကို​တို့၊ သင်​တို့​ကို​အ​ကြောင်း ပြု​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​တို့ အ​စဉ်​မ​ပြတ်​ချီး​မွမ်း​နေ​ရ​ကြ​သည်။ ယင်း​သို့ ချီး​မွမ်း​သင့်​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​ယုံ​ကြည်​ခြင်း​အ​လွန်​တိုး​ပွား​လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် ပို​မို​ချစ်​ခင်​လျက်​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-

ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​အ​မြဲ​ချီး မွမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သမ္မာ​တ​ရား​တော် ကို​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း ကောင်း၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​ကိုယ်​တော် ၏​သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဝင်​များ ဖြစ်​လာ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း ဘု​ရား​သ​ခင်​ဦး​စွာ​ပ​ထ​မ​ရွေး​ကောက် ကယ်​တင်​တော်​မူ​သော​လူ​စု​တွင်​သင်​တို့ ပါ​ဝင်​ကြ​သည်​ဖြစ်​ရာ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ပေ​သည်။-

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ကို​ငါ​တို့ ၏​အ​ရှင်​သ​ခင်​အ​ဖြစ်​ဝန်​ခံ​သော​နှုတ်​များ ဖြင့် ဂုဏ်​တော်​ချီး​မွမ်း​ခြင်း​ယဇ်​ကို​သ​ခင် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​အား​အ​စဉ် မ​ပြတ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

သင်​တို့​သည်​သက်​ရှိ​ကျောက်​များ​အ​ဖြစ် ကိုယ်​တော်​ထံ​သို့​လာ​၍ ဗိ​မာန်​တော်​တည် ဆောက်​ရေး​တွင်​ပါ​ဝင်​အ​သုံး​ခံ​ကြ​လော့။ ထို​ဝိ​ညာဉ်​ဗိ​မာန်​တော်​တွင်​သင်​တို့​သည် ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော​ဝိ​ညာဉ် ယဇ်​ကို​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ပူ​ဇော် သော​သန့်​ရှင်း​မြင့်​မြတ်​သည့်​ယဇ်​ပု​ရော ဟိတ်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​လိမ့်​မည်။-

တ​ရား​ဟော​ပြော​သူ​သည်​ဘု​ရား​သ​ခင်​၏ ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော​စေ။ အ​စေ​ခံ​သော သူ​သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​အ​စွမ်း သတ္တိ​အ​တိုင်း​လုပ်​ဆောင်​စေ။ သို့​မှ​သာ​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင် ယေ​ရှု​ခ​ရစ်​အား ဖြင့်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​ထွန်း​လင်း လိမ့်​မည်။ အ​ရှင်​ယေ​ရှု​ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက် ဆက်​ထွန်း​တောက်​တော်​မူ​ပါ​စေ​သ​တည်း။ အာ​မင်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ