ဧဖက် 5:17Common Language Bibleထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
သို့ဖြစ်ခြင်းကြောင့်သင်တို့၏သတင်းကိုကြား ရသည့်နေ့မှစ၍ ငါတို့သည်သင်တို့အတွက် အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေ၏။ သင်တို့သည်ဝိညာဉ်တော်ချပေးတော်မူသော ဉာဏ်ပညာနှင့်ပြည့်စုံသဖြင့် ဘုရားသခင် ၏အလိုတော်ကိုကောင်းစွာသိရှိကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းကြ ပါ၏။-