Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 5:14

Common Language Bible

အ​ဘယ်​ကြောင့်​ဆို​သော်​အ​လင်း​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ပေါ်​လွင်​ထင်​ရှား​စေ​သော ကြောင့်​ဖြစ်​၏။ ဤ​အ​ကြောင်း​ကြောင့်​ကျမ်း​စာ တော်​တွင်၊ ``အိပ်​ပျော်​သူ၊ ထ​လော့။ သေ​ခြင်း​မှ​ထြေမာက်​လော့။ ခ​ရစ်​တော်​သည်​သင့်​အ​ပေါ်​သို့ ထွန်း​လင်း​တော်​မူ​လိမ့်​မည်'' ဟု​ပါ​ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​၏​လူ​စု​အ​နက်​မှ သေ​လွန်​သွား​ကြ​သူ​တို့​သည်၊တစ်​ဖန်​ပြန်​၍ အ​သက်​ရှင်​လာ​ကြ​ပါ​လိမ့်​မည်။ သူ​တို့​၏​ခန္ဓာ​ကိုယ်​များ​သည်​အ​သက်​ဝင်​၍ လာ​ပါ​လိမ့်​မည်။ သ​င်္ချိုင်း​တွင်း​၌​လဲ​လျောင်း​နေ​သော​သူ​သေ​တို့​သည် ထ​၍​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။ အ​ရောင်​လျှပ်​သည့်​ဆီး​နှင်း​များ​သည်​ကမ္ဘာ​မြေ ကြီး​ကို ပြန်​လည်​စိမ်း​လန်း​လာ​စေ​သ​ကဲ့​သို့ ကာ​လ​ကြာ​မြင့်​စွာ​က​ပင်​သေ​လွန်​ခဲ့​သော သူ​တို့​ကို​ထာ​ဝ​ရ​ဘု​ရား​သည်​ပြန်​၍ အ​သက်​ရှင်​စေ​တော်​မူ​ပါ​လိမ့်​မည်။

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​လော့။ မိ​မိ​ကိုယ်​ကို​နှိုး​၍​ထ​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​အ​မျက်​တော်​ထွက်​သ​ဖြင့် သင့်​အား​ပေး​တော်​မူ​သော၊ခွက်​ဖ​လား​မှ​အ​ပြစ် ဒဏ် စ​ပျစ်​ရည်​ကို​သင်​သည်​သောက်​သုံး​ခဲ့​လေ​ပြီ။ ယင်း​ကို​သောက်​သုံး​သ​ဖြင့်​ယိမ်း​ယိုင်​လျက်​နေ​ခဲ့​၏။

ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။

အို ယေ​ရု​ရှ​လင်​မြို့၊နိုး​ထ​၍​နေ​ကဲ့​သို့​ထွန်း​တောက်​လော့။ သင်​၏​အ​လင်း​ပေါ်​ထွန်း​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​သည် သင့်​အ​ပေါ်​၌​ထွန်း​လင်း​လျက်​နေ​၏။

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊

ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။

တစ်​ဖန်​သ​ခင်​ယေ​ရှု​က​ဖာ​ရိ​ရှဲ​တို့​အား ``ငါ သည်​လော​က​၏​အ​လင်း​ဖြစ်​၏။ ငါ့​နောက်​သို့ လိုက်​သော​သူ​သည်​အ​သက်​၏​အ​လင်း​ကို​ရ ၍​အ​ဘယ်​အ​ခါ​မျှ​အ​မှောင်​တွင်​သွား​လာ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ဤ​လော​က​မှာ​ရှိ​နေ​စဉ်​လော​က ၏​အ​လင်း​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က၊ `ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို​ကမ္ဘာ​တစ်​ဝန်း​လုံး ရ​ရှိ​စေ​ရန်​သင်​တို့​အား၊ လူ​မျိုး​ခြား​များ​အ​ဖို့​အ​လင်း​ဖြစ်​စေ​အံ့​သော​ငှာ ငါ​ခန့်​ထား​၏' ဟူ​၍​မိန့်​တော်​မူ​ခဲ့​ပေ​သည်'' ဟု​ဟော​ပြော​ကြ​၏။

သင်​တို့​ကိုယ်​အင်္ဂါ​များ​ကို​လည်း​ဒု​စ​ရိုက်​အ​တွက် အ​သုံး​မ​ပြု​ကြ​နှင့်။ ယင်း​သို့​ပြု​မည့်​အ​စား သင်​တို့​သည်​သေ​ရာ​မှ​ရှင်​ပြန်​သူ​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ သု​စ​ရိုက်​အ​တွက်​အ​သုံး​တော် ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​တို့​ကိုယ်​ကို​ဘု​ရား သ​ခင်​အား​ဆက်​သ​ကြ​လော့။-

အ​မြင်​မှန်​ရ​ကြ​လော့။ ဆက်​လက်​၍​အ​ပြစ် မ​ကူး​ကြ​နှင့်။ သင်​တို့​တွင်​အ​ချို့​သော​သူ​တို့ သည်​ဘု​ရား​သ​ခင်​ကို​မ​သိ​ကြ။ ဤ​သို့​ငါ ဆို​ရာ​၌​သင်​တို့​အ​ရှက်​ရ​စေ​ရန်​အ​တွက် ဖြစ်​၏။

ခ​ရစ်​တော်​၏​မျက်​နှာ​တော်​တွင်​ထွန်း​တောက် လျက်​ရှိ​သော ဘုန်း​အ​သ​ရေ​တော်​အ​ကြောင်း ကို​သိ​နား​လည်​နိုင်​စေ​ရန် ငါ​တို့​၏​စိတ်​နှ​လုံး ထဲ​၌​အ​လင်း​ကို​ထွန်း​လင်း​စေ​တော်​မူ​သော ဘု​ရား​သ​ခင်​ကား `အ​မှောင်​ထဲ​မှ​အ​လင်း ပေါ်​ထွန်း​လိမ့်​မည်' ဟု​မိန့်​ကြား​တော်​မူ​ခဲ့ သော​ဘု​ရား​သ​ခင်​ပင်​ဖြစ်​သ​တည်း။

အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​မ​နာ​ခံ​မှု​နှင့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ဝိ​ညာဉ်​ရေး​အ​ရ​သေ လျက်​ရှိ​နေ​ခဲ့​ကြ​၏။-

ငါ​တို့​အား​မ​နာ​ခံ​မှု​အား​ဖြင့်​ဝိ​ညာဉ်​ရေး အ​ရ​သေ​လျက်​ရှိ​နေ​ရာ​မှ ခ​ရစ်​တော်​နှင့်​အ​တူ ရှင်​ပြန်​စေ​တော်​မူ​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​သာ​လျှင် ကယ်​တင်​ခြင်း ကို​ခံ​ရ​ကြ​ပေ​သည်။-

သင်​တို့​သည်​ခ​ရစ်​တော်​နှင့်​အ​တူ​သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​ကြ​ပြီ​ဖြစ်​၍ ဘု​ရား​သ​ခင် ၏​လက်​ယာ​တော်​ဘက်​တွင်​ခ​ရစ်​တော်​ထိုင် လျက်​နေ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​၌​ရှိ​သော အ​ရာ​တို့​ကို​လို​ချင်​တောင့်​တ​ကြ​လော့။-

သို့​ဖြစ်​၍​ငါ​တို့​သည်​အ​ခြား​သူ​များ​ကဲ့​သို့ အိပ်​ပျော်​၍​မ​နေ​ရ​ကြ။ နိုး​နိုး​ကြား​ကြား​ရှိ ရ​ကြ​မည်။ သမ္မာ​သ​တိ​ရှိ​ရ​ကြ​မည်။-

သို့​ရာ​တွင်​ယ​ခု​အ​ခါ​ငါ​တို့​၏​ကယ်​တင် ရှင်​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော်​မူ​ခြင်း အား​ဖြင့် ထို​ကျေး​ဇူး​တော်​သည်​ပေါ်​လွင် ထင်​ရှား​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​သေ ခြင်း​တ​ရား​ကို​ပယ်​ရှား​တော်​မူ​ပြီး​လျှင် သ​တင်း​ကောင်း​အား​ဖြင့် သင်္ခါ​ရ​ကင်း​ခြင်း တ​ရား​ကို​ပေါ်​လွင်​ထင်​ရှား​စေ​တော် မူ​သ​တည်း။

ထို​အ​ခါ​သူ​တို့​သည်​အ​မြင်​မှန်​ရ​ရှိ​လာ​ပြီး​လျှင် မာရ်​နတ်​၏​ကျော့​ကွင်း​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။ မာရ်​နတ်​သည်​မိ​မိ​အ​လို​အ​တိုင်း​လိုက်​နာ​စေ​ရန် သူ​တို့​အား​ဖမ်း​ဆီး​ထား​ခဲ့​ပေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ