ဧဖက် 5:10Common Language Bibleသခင်ဘုရားနှစ်သက်တော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုကြိုးစား ၍သင်ယူကြလော့။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်အစာရှောင်လျက်တစ်ရက်တာမျှ မိမိကိုယ်ကိုနှိမ့်ချခြင်းကိုငါနှစ်သက်သည် ဟုထင်မှတ်ကြသလော။ ဒုက္ခခံလျက်မြက်ပင် များသဖွယ်ဦးခေါင်းများကိုကိုင်းညွှတ်၍ မိမိတို့ထိုင်ရန်လျှော်တေအဝတ်နှင့်ပြာ ကိုခင်းတတ်ကြ၏။ ဤအပြုအမူကား အစာရှောင်ခြင်းဟု သင်တို့ခေါ်ဆိုကြသည့် အရာပေလော။ ယင်းသို့သင်တို့ပြုမူသော နေ့ရက်ကို ငါနှစ်သက်မြတ်နိုးတော်မူ သည်ဟုသင်တို့ထင်မှတ်ကြပါသလော။
သို့မှသာအစဉ်အမြဲသခင်ဘုရားနှစ်သက် တော်မူစေရန်လည်းကောင်း၊ ကိုယ်တော်၏ဘုန်း အသရေတော်ထွန်းတောက်စေရန်လည်းကောင်း သင်တို့ပြုမူကျင့်ကြံနိုင်ကြလိမ့်မည်။ ယင်း သို့ပြုမူကျင့်ကြံသဖြင့် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသောအသီး အပွင့်များကိုဖြစ်ထွန်းစေကြလိမ့်မည်။ ဘုရားသခင်ကိုလည်းတိုး၍သိကျွမ်း လာကြလိမ့်မည်။-
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
သင်တို့သည်သက်ရှိကျောက်များအဖြစ် ကိုယ်တော်ထံသို့လာ၍ ဗိမာန်တော်တည် ဆောက်ရေးတွင်ပါဝင်အသုံးခံကြလော့။ ထိုဝိညာဉ်ဗိမာန်တော်တွင်သင်တို့သည် ဘုရားသခင်နှစ်သက်တော်မူသောဝိညာဉ် ယဇ်ကိုသခင်ယေရှုခရစ်အားဖြင့် ပူဇော် သောသန့်ရှင်းမြင့်မြတ်သည့်ယဇ်ပုရော ဟိတ်အနွယ်ဝင်များဖြစ်ကြလိမ့်မည်။-