Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 4:8

Common Language Bible

ကျမ်း​စာ​လာ​သည်​အ​တိုင်း၊ ``ကိုယ်​တော်​သည်​အ​ထက်​ဘ​ဝဂ်​သို့ တက်​ကြွ​တော်​မူ​သော​အ​ခါ မိ​မိ​နှင့်​အ​တူ​သုံ့​ပန်း​အ​မြောက်​အ​မြား​ကို ခေါ်​ဆောင်​သွား​တော်​မူ​၏။ လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး​တော် မူ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မိ​မိ​၏​မှူး​မတ်​များ​နှင့်​မင်း​အ​ရာ ရှိ​အ​ပေါင်း​ကို​ဖိတ်​ကြား​တော်​မူ​၍ ဧ​သ​တာ အား​ဂုဏ်​ပြု​စား​သောက်​ပွဲ​ကြီး​ကို​ကျင်း​ပ တော်​မူ​၏။ သူ​သည်​အင်​ပါ​ယာ​နိုင်​ငံ​တော် တစ်​ဝှမ်း​လုံး​တွင်​ထို​နေ့​ကို​အ​လုပ်​နား​ရက် အ​ဖြစ်​သတ်​မှတ်​ကြေ​ငြာ​တော်​မူ​၍ ဘု​ရင့် ဂုဏ်​နှင့်​လျော်​စွာ​ဆု​တော်​လာဘ်​တော်​များ ကို​လည်း​ပေး​သ​နား​တော်​မူ​၏။

ကိုယ်​တော်​သည်​သုံ့​ပန်း​များ​ကို​ခေါ်​ဆောင်​၍ မြင့်​သော​အ​ရပ်​သို့​တက်​ကြွ​တော်​မူ​၏။ ကိုယ်​တော်​သည်​ပုန်​ကန်​သူ​တို့​၏​ထံ​မှ လက်​ဆောင်​ပဏ္ဏာ​များ​ကို​ခံ​ယူ​တော်​မူ​၏။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​အ​ရပ် တွင် ကိန်း​ဝပ်​တော်​မူ​မည်။

ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။

လူ​သား​တို့​အား​ဆု​ကျေး​ဇူး​များ​ကို​ချ​ပေး တော်​မူ​သော​အ​ရှင်​သည်​လည်း ကိုယ်​တော်​ပင်​ဖြစ် ပေ​သည်။ ကိုယ်​တော်​သည်​လူ​အ​ချို့​တို့​ကို​တ​မန် တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ပ​ရော ဖက်​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​ဧ​ဝံ ဂေ​လိ​တ​ရား​ဟော​ဆ​ရာ​အ​ရာ​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​သင်း​အုပ်​ဆ​ရာ​နှင့်​ဋ္ဌမ္မ​ပညာ​ဆ​ရာ အ​ရာ​၌​လည်း​ကောင်း​ခန့်​ထား​တော်​မူ​၏။-

ထို​လက်​ဝါး​ကပ်​တိုင်​ပေါ်​တွင်​ခ​ရစ်​တော်​သည် ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ​နှင့်​အာ​ဏာ ပိုင်​အ​ပေါင်း​တို့​၏​တန်​ခိုး​အာ​ဏာ​ကို​ပယ်​ရှား တော်​မူ​ပြီး​နောက် ၎င်း​တို့​ကို​သုံ့​ပန်း​များ​အ​ဖြစ် အောင်​ပွဲ​လှည့်​ရာ​တွင်​နောက်​မှ​လိုက်​ပါ​စေ​ကာ လူ​အ​ပေါင်း​တို့​အား​ပြ​တော်​မူ​၏။

ရှေ့​ဆောင်​ပါ​လော့။ အို ဒေ​ဗော​ရ​ရှေ့​ဆောင်​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ သီ​ချင်း​ဆို​ပါ​လော့။ ရှေ့​ဆောင်​ပါ​လော့။ အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ရှေ့​သို့​ချီ​တက်​ပါ​လော့။ သင်​၏​သုံ့​ပန်း​တို့​ကို​ထုတ်​ဆောင်​သွား​ပါ​လော့။

ဒါ​ဝိဒ်​သည်​ဇိ​က​လတ်​မြို့​သို့​ပြန်​လည်​ရောက်​ရှိ လာ​သော​အ​ခါ တိုက်​ရာ​ပါ​ပစ္စည်း​အ​ချို့​တို့​ကို မိ​မိ​၏​မိတ်​ဆွေ​များ​ဖြစ်​သော​ယု​ဒ​ခေါင်း​ဆောင် များ​ထံ​သို့​အ​မှာ​စာ​ရေး​၍​ပေး​ပို့​လိုက်​လေ သည်။ အ​မှာ​စာ​တွင်``ထာ​ဝ​ရ​ဘု​ရား​၏​ရန်​သူ များ​ထံ​မှ​အ​ကျွန်ုပ်​ရ​ရှိ​ခဲ့​သည့်​တိုက်​ရာ​ပါ ပစ္စည်း​အ​ချို့​ကို​သင်​တို့​အ​တွက်​လက်​ဆောင် ပေး​ပို့​လိုက်​ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ