Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 4:27

Common Language Bible

မာရ်​နတ်​ကို​အ​ခွင့်​မ​ပေး​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​က ``အာ​န​နိ၊ သင်​သည်​လယ်​ရောင်း​ရ ငွေ​အ​ချို့​အ​ဝက်​ကို​မိ​မိ​အ​ဖို့​ဖယ်​ထား​ခြင်း အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​လှည့် စား​လေ​ပြီ။ အ​ဘယ်​ကြောင့်​စာ​တန်​အား​သင် ၏​စိတ်​နှ​လုံး​ကို​စိုး​မိုး​ခွင့်​ပေး​ပါ​သ​နည်း။-

မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-

မာရ်​နတ်​၏​ပ​ရိ​ယာယ်​များ​ကို​ခု​ခံ​ကာ​ကွယ်​နိုင်​ရန် ဘု​ရား​သ​ခင်​၏​လက်​နက်​စုံ​ကို​ဝတ်​ဆင်​ကြ​လော့။-

ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။-

သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​သို့​လိုက် ကြ​လော့။ မာရ်​နတ်​ကို​ခု​ခံ​ကြ​လော့။ သို့​ပြု လျှင်​သူ​သည်​သင်​တို့​ထံ​မှ​ထွက်​ပြေး​လိမ့်​မည်။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ