Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဖက် 3:6

Common Language Bible

ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ယင်း​သည်​သင်​တို့​အ​စဉ်​အ​မြဲ​ပိုင်​ဆိုင်​ကြ ရ​မည့်​မြေ​ယာ​ဖြစ်​၏။ ထို​အ​ရပ်​တွင်​သင်​တို့ နှင့်​အ​တူ​နေ​ထိုင်​လျက်​သား​သ​မီး​များ ရ​ရှိ​နေ​ကြ​သူ​လူ​မျိုး​ခြား​များ​သည်​လည်း သင်​တို့​မြေ​ယာ​ခွဲ​ဝေ​ရာ​တွင်​ဝေ​စု​ခံ​ယူ ရ​ကြ​မည်။ သူ​တို့​အား​တင်း​ပြည့်​ဣ​သ​ရေ​လ ပြည်​သား​များ​အ​ဖြစ်​ဖြင့်​မှတ်​ယူ​ကာ ဣ​သ​ရေ​လ​အ​နွယ်​တို့​နှင့်​အ​တူ​မြေ​ယာ ဝေ​စု​များ​ကို​ခံ​ယူ​စေ​ရ​မည်။-

ခ​ရစ်​တော်​သည်​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ​ရှိ သည့်​ကိုယ်​ခန္ဓာ​နှင့်​တူ​၏။ ကိုယ်​ခန္ဓာ​သည်​အင်္ဂါ အ​စိတ်​အ​ပိုင်း​များ​ရှိ​သော်​လည်း​တစ်​ကိုယ် တည်း​သာ​ဖြစ်​၏။-

သင်​တို့​အ​ပေါင်း​သည်​ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ဖြစ်​၏။ သင်​တို့​အ​သီး​သီး​သည်​ကား ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​အ​စိတ်​အ​ပိုင်း​များ ဖြစ်​ကြ​၏။-

ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​လူ​မျိုး​ခြား​တို့ သည်​ခ​ရစ်​တော်​ယေ​ရှု​ကို​အ​မှီ​ပြု​၍ အာ​ဗြ​ဟံ ခံ​စား​ရ​သည့်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား ရ​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​ဝိ​ညာဉ်​တော် ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့်​ခံ​ယူ​နိုင်​ကြ​စေ ရန်​လည်း​ကောင်း​ဖြစ်​၏။

ခ​ရစ်​တော်​ယေ​ရှု​၏​တ​ပည့်​များ​သည်​လူ့​ဇာ​တိ​စိတ် နှင့်​၎င်း​၏​လို​အင်​ဆန္ဒ​များ​ကို လက်​ဝါး​ကပ်​တိုင်​ပေါ် တွင်​တင်​၍​ကွပ်​မျက်​လိုက်​ကြ​လေ​ပြီ။-

ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​နက်​နဲ​သော​အ​ကြံ အ​စည်​တော်​ကို​ငါ့​အား​ဖွင့်​ပြ​တော်​မူ​၏။ (ဤ အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍​သင်​တို့​အား အ​ကျဉ်း​အား​ဖြင့်​ငါ​ဖော်​ပြ​ခဲ့​ပြီး​ပေ​ပြီ။-

ငါ​တို့​သည်​ကိုယ်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​ကြ​၏။-)

ထို့​ကြောင့်​သင်​တို့​သည်​ထို​သို့​သော​သူ​တို့​နှင့် လုံး​ဝ​မ​ဆက်​ဆံ​ကြ​နှင့်။-

သူ​တို့​သည်​ခန္ဓာ​ကိုယ်​၏​ဦး​ခေါင်း​တည်း​ဟူ သော​ခ​ရစ်​တော်​ကို​မှီ​ခို​အား​ကိုး​မှု​မ​ရှိ​ကြ တော့​ချေ။ ခ​ရစ်​တော်​၏​ထိန်း​သိမ်း​မှု​အောက် တွင်​အ​ဆစ်​များ​နှင့်​အ​ရိုး​ချင်း​ဆက်​ပေး​သည့် အ​ရွတ်​များ​အား​ဖြင့် ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် အာ​ဟာ​ရ​ကို​ခံ​ယူ​ကာ​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ရှိ​သည်​အ​တိုင်း​ကြီး​ပွား​တတ်​၏။

ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။-

ဤ​ကား​ငါ​တို့​အား​ခ​ရစ်​တော်​ကိုယ်​တော်​တိုင် က​တိ​ထား​တော်​မူ​သော​ထာ​ဝ​ရ​အသက် ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ