ဧဇရ 8:28Common Language Bibleငါသည်ယဇ်ပုရောဟိတ်တို့အား``သင်တို့သည် ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား အဖို့ သီးသန့်သူများဖြစ်ကြသကဲ့သို့ ကိုယ် တော်အားစေတနာအလျောက် ပေးလှူသော ရွှေငွေအသုံးအဆောင်များသည်လည်း သီး သန့်သောဝတ္ထုပစ္စည်းဖြစ်သည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည်မွမ်းမံပြင်ဆင်မှုပြီးစီးသွားသော အခါ မင်းကြီးနှင့်ယောယဒတို့သည်ပိုလျှံ သောရွှေ၊ ငွေကိုဗိမာန်တော်အတွက်ခွက်ဖလား များနှင့်အခြားအသုံးအဆောင်များကိုပြု လုပ်ရာတွင်အသုံးပြုကြ၏။ ယောယဒအသက်ရှင်နေသမျှကာလပတ်လုံး ဗိမာန်တော်တွင်ယဇ်များကိုအစဉ်ပူဇော်လေ့ ရှိ၏။-
လေဝိအနွယ်ကိုရည်သန်၍ဤသို့ဖွဲ့ဆိုလေသည်။ ``အို ထာဝရဘုရားကိုယ်တော်၏အလိုတော်ကို ကိုယ်တော်အားသစ္စာစောင့်သောအစေခံ လေဝိအနွယ်ဝင်တို့မှတစ်ဆင့် သုမိမ်နှင့်ဥရိမ် အားဖြင့်ဖော်ပြတော်မူပါ၏။ ကိုယ်တော်သည်မဿာအရပ်တွင်သူတို့၌ သစ္စာရှိသည်မရှိသည်ကိုစစ်ဆေး၍ မေရိဘစမ်း၌သူတို့သစ္စာရှိသည်ကို သိမြင်တော်မူပါသည်။