ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ ဧဂလမွေးသောသားဣသရံ။