Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 8:18

Common Language Bible

ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကြောင့် မ​ဟာ​လိ​သား​ချင်း​စု​မှ​လေ​ဝိ​အ​နွယ် ဝင်၊ အ​ရည်​အ​ချင်း​ကောင်း​မွန်​သူ​ရှေ​ရ​ဘိ​ကို ငါ​တို့​ထံ​သို့​စေ​လွှတ်​လေ​သည်။ သူ​၏​သား​နှင့် ညီ​အစ်​ကို​တစ်​ဆယ့်​ရှစ်​ယောက်​တို့​သည်​လည်း အ​တူ​လိုက်​ပါ​လာ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​တွင်​ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​ဟူ​၍ သား​သုံး​ယောက်​ရှိ​၏။

မေ​ရာ​ရိ​၏​သား​များ​ကား​မ​ဟာ​လိ​နှင့်​မု​ရှိ ဖြစ်​သ​တည်း။

အ​ဖ​နှင့်​သား​နာ​မည်​များ​အ​စဉ်​လိုက်​အ​တိုင်း ဧ​လ​ဇာ​၏​သား​မြေး​စာ​ရင်း​မှာ​ဧ​လ​ဇာ၊ ဖိ​န​ဟတ်၊ အ​ဘိ​ရွှ၊ ဗုက္ကိ၊ သြ​ဇိ၊ ဇေ​ရ​ဟိ၊ မေ​ရာ​ယုတ်၊ အာ​မ​ရိ၊ အ​ဟိ​တုပ်၊-

ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။ သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ငါ​သည် မင်း​ကြီး​နှင့်​တ​ကွ သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ် များ၊ တန်​ခိုး​ကြီး​သည့်​အ​ရာ​ရှိ​များ​၏​ရှေ့ တွင်​မျက်​နှာ​သာ​ရ​စေ​တော်​မူ​သည်။ ဘု​ရား​သ​ခင်​သည်​ငါ့​အား​ရဲ​စွမ်း​သတ္တိ​ကို​ပေး​တော် မူ​၍ ငါ​သည်​ဣ​သ​ရေ​လ​သား​ချင်း​စု​ခေါင်း ဆောင်​အ​မြောက်​အ​မြား​ကို ငါ​နှင့်​အ​တူ လိုက်​ကြ​ရန်​စု​ရုံး​နိုင်​လေ​ပြီ'' ဟု​ဆို​၏။

ဧ​ဇ​ရ​သည်​မော​ရှေ​အား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သည့်​ပ​ညတ်​ကျမ်း​ကို​ကြေ ညက်​စွာ​တတ်​မြောက်​သူ​ပ​ညာ​ရှိ​ကြီး​ဖြစ် ၏။ ဧ​ဇ​ရ​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​စား​ရ​သူ​ဖြစ်​သ​ဖြင့် မင်း ကြီး​သည်​သူ​တောင်း​သ​မျှ​သော​အ​ရာ တို့​ကို​ပေး​သ​နား​တော်​မူ​လေ​သည်။-

ငါ​သည်​ခေါင်း​ဆောင်​ကိုး​ဦး​ဖြစ်​ကြ​သော ဧ​လျေ​ဇာ၊ အ​ရေ​လ၊ ရှေ​မာ​ယ၊ နာ​သန်၊ ယာ​ရိမ်၊ ဧ​လ​နာ​သန်၊ ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ​တို့​ကို​လည်း ကောင်း၊ ပ​ညာ​ရှိ​နှစ်​ဦး​ဖြစ်​ကြ​သော​ယွာ​ရိပ် နှင့် ဧ​လ​နာ​သန်​တို့​ကို​လည်း​ကောင်း​ခေါ်​ပြီး လျှင်၊-

ဣ​ဒေါ​နှင့်​သူ​၏​အ​ပေါင်း​အ​ဖော်​တို့​သည် မေ ရာ​ရိ​သား​ချင်း​စု​ဟာ​ရှ​ဘိ​နှင့်​ယေ​ရှာ​ယ တို့​ကို​လည်း​ကောင်း သူ​တို့​ဆွေ​မျိုး​သား​ချင်း နှစ်​ဆယ်​နှင့်​အ​တူ​စေ​လွှတ်​၏။-

ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​အား ယုံ​ကြည်​ကိုး​စား​ကြ​သူ​အ​ပေါင်း​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍ ကိုယ်​တော်​အား ကျော​ခိုင်း​ကြ​သူ​တို့​ကို​မူ​နှစ်​သက်​တော် မ​မူ​ဘဲ အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​တတ်​ကြောင်း မင်း​ကြီး​အား​လျှောက်​ထား​ခဲ့​၏။ သို့​ဖြစ်​၍ ငါ​သည်​ခ​ရီး​လမ်း​တွင် ရန်​သူ​များ​၏​ဘေး မှ​ကာ​ကွယ်​စောင့်​ရှောက်​ရန်​အ​တွက် သူ​၏ ထံ​မှ​မြင်း​တပ်​အ​ကူ​အ​ညီ​ကို​တောင်း​ခံ ရ​မည်​မှာ​ရှက်​စ​ရာ​ပင်​ဖြစ်​ပေ​သည်။-

ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ အ​နက် ရှေ​ရ​ဘိ၊ ဟာ​ရှ​ဘိ​နှင့်​အ​ခြား​ဆယ် ဦး​တို့​ကို​ရွေး​ချယ်​ပြီး​လျှင်၊-

ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။

ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။

ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။

ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ငါ့​စ​ကား​ကို​နား​ထောင်​သော​သိုး​ထိန်း​များ ကို​သင်​တို့​အား​ငါ​ပေး​မည်။ သူ​တို့​သည်​သင် တို့​ကို​ဉာဏ်​ပ​ညာ​နှင့်​လည်း​ကောင်း၊ အသိ ပ​ညာ​နှင့်​လည်း​ကောင်း​အုပ်​စိုး​ကြ​လိမ့်​မည်။-

မင်း​ကြီး​သည်​အ​ဘယ်​မေး​ခွန်း​ကို​ပင်​မေး​သည်​မ​ဆို၊ အ​ဘယ်​ပြ​ဿ​နာ​ကို​ပင်​တင်​ပြ​သည်​မ​ဆို​ထို​သူ​လေး​ဦး​တို့​သည်​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​ဗေ​ဒင်​ဆ​ရာ၊ မှော်​ဆ​ရာ​များ​ထက်​ဆယ်​ဆ​မျှ​ပို​၍​တတ်​သိ​နား​လည်​ကြ​သည်​ကို​တွေ့​ရှိ​တော်​မူ​၏။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​စဉ်း​စား​ဆင်​ခြင်​မှု တွင်​က​လေး​သူ​ငယ်​များ​ကဲ့​သို့​မ​ဖြစ်​ကြ​နှင့်။ ဆိုး​ညစ်​မှု​ကင်း​စင်​မှု​တွင်​ကလေး​သူ​ငယ်​များ ကဲ့​သို့​ဖြစ်​ကြ​လော့။ စဉ်း​စား​ဆင်​ခြင်​မှု​တွင်​မူ ကား​အ​သက်​အ​ရွယ်​ရင့်​ကျက်​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ