ဧဇရ 7:27Common Language Bibleဧဇရက``ငါတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု ကြလော့။ ကိုယ်တော်သည်မင်းကြီးအား ယေရု ရှလင်မြို့ရှိထာဝရဘုရားဗိမာန်တော်ကို ဤသို့ဂုဏ်ပြုစိတ်ကိုပေးတော်မူပါတကား။- အခန်းကိုကြည့်ပါ။ |
သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။
သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။-
ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
ဤမျှအချိန်ကာလကြာညောင်းပြီးမှသင်တို့ သည် ငါ့အားမိမိတို့၏မေတ္တာစေတနာကိုတစ် ဖန်ပြန်၍ပြသကြသည့်အတွက် ငါသည် သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်းဖြစ်သူ တစ်ဦးအနေဖြင့်အလွန်ပင်ဝမ်းမြောက်ပါ၏။ ယခင်အခါကသင်တို့သည်ငါ၏အပေါ် တွင်မေတ္တာစေတနာမထားဘဲနေခဲ့ကြ သည်ဟုငါမဆိုလိုပါ။ ထိုမေတ္တာစေတနာ ကိုပြသနိုင်ခွင့်မရခဲ့ကြောင်းကိုသာ ဆိုလိုပါ၏။-
သူတို့သည်ဘုရားသခင်မိန့်တော်မူသော စကားများအကောင်အထည်ပေါ်လာသည့် တိုင်အောင် မိမိတို့၏အာဏာကိုသားရဲအား တညီတညွတ်တည်းလွှဲအပ်လိုက်ကြစေရန် ကိုယ်တော်သည်သူတို့၏စိတ်ကိုပြုပြင်တော် မူလျက် သူတို့အားမိမိ၏အကြံအစည် တော်နှင့်အညီလိုက်နာဆောင်ရွက်စေတော် မူ၏။