Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:23

Common Language Bible

ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဗိ​မာန်​တော်​အ​တွက်​လို​အပ်​သည့် အ​ရာ​ဟူ​သ​မျှ​ကို​ပေး​ရန် သင်​တို့​သ​တိ ပြု​ကြ​ရ​မည်။ သို့​မှ​သာ​လျှင်​ကိုယ်​တော် သည် ငါ​နှင့်​ငါ​၏​နောက်​တွင်​အုပ်​စိုး​မည့် ဘု​ရင်​များ​အား​အ​မျက်​ထွက်​တော်​မ​မူ ဘဲ​နေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

``ငါ​၏​အင်​ပါ​ယာ​နိုင်​ငံ​တော်​တစ်​လျှောက်​လုံး တွင်​ရှိ​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​များ၊ ယဇ် ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ သည်​ယေ​ရု​ရှ​လင်​မြို့​သို့ သင်​နှင့်​အ​တူ​သွား လို​ပါ​က​သွား​ခွင့်​ပြု​သည်။ ဤ​ကား​ငါ​၏ အ​မိန့်​တော်​ဖြစ်​သည်။-

ကြွင်း​ကျန်​သည့်​ရွှေ​ငွေ​ကို သင်​နှင့်​သင်​၏​အ​မျိုး သား​များ​ဆန္ဒ​ရှိ​သည့်​အ​တိုင်း သင်​တို့​ဘု​ရား​သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ​သုံး​စွဲ​နိုင် သည်။-

သင်​တို့​သည်​ငွေ​ပေါင်​ခု​နစ်​ထောင့်​ငါး​ရာ၊ ဂျုံ ဆန်​တင်း​ငါး​ရာ၊ စ​ပျစ်​ရည်​ဂါ​လံ​ငါး​ရာ့ ငါး​ဆယ်၊ သံ​လွင်​ဆီ​ဂါ​လံ​ငါး​ရာ့​ငါး ဆယ်​အ​ထိ​လို​သ​မျှ​ဆား​ကို​ထုတ်​ပေး ကြ​စေ။-

အို ထာ​ဝ​ရ​ဘု​ရား" ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပ​ညတ်​တော်​တို့​ကို ကွန်​တော်​မျိုး​တို့​အား​ပေး​အပ်​တော်​မူ​လက် ယင်း​တို့​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ ရန် မှာ​ကြား​တော်​မူ​ပါ​ပြီ။

သူ​တို့​က``ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား ကို အ​ကျွန်ုပ်​တို့​ဖူး​တွေ့​ခဲ့​ရ​ပြီ။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​ယဇ် ပူ​ဇော်​နိုင်​ရန် တော​ကန္တာ​ရ​သို့​သုံး​ရက်​ခ​ရီး သွား​ခွင့်​ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ထို​ဝတ်​ကို​မ​ပြု​ရ​လျှင်​ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​တို့​အား​ရော​ဂါ​ဘေး​သို့​မ​ဟုတ် ဋ္ဌား​ဘေး​သင့်​စေ​ပါ​မည်'' ဟု​လျှောက်​ကြ​၏။

သင်​တို့​အား​သုံ့​ပန်း​များ​အ​ဖြစ်​ငါ​ပို့​ဆောင် လိုက်​သည့်​မြို့​ကို​ကောင်း​ကျိုး​ပြု​ကြ​လော့။ ထို မြို့​ကောင်း​စား​လျှင်​သင်​တို့​လည်း​ကောင်း​စား မည်​ဖြစ်​၍ ထို​မြို့​အ​တွက်​ငါ​၏​ထံ​သို့​ဆု တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။-

သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ