ထို့ပြင်ဗိမာန်တော်အတွက်လိုသေးသော အရာများကို ဘဏ္ဍာတော်တိုက်မှငွေကို ထုတ်၍ဝယ်နိုင်သည်။
နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။-
သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။