ဟိလခိ၏အဖသည်ရှလ္လုံ၊ ရှလ္လုံ၏အဖ မှာဇာဒုတ်၊ ဇာဒုတ်၏အဖကားအဟိ တုတ်ဖြစ်၏။-
အဟိတုတ်၏သားဇာဒုတ်နှင့်အဗျာသာ ၏သားအဟိမလက်တို့ကားယဇ်ပုရော ဟိတ်များဖြစ်ကြ၏။ စရာယသည်စာရေး တော်ကြီးဖြစ်၍၊-
မင်းကြီးသည်ဗေနာယကိုယွာဘ၏နေရာ တွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ခန့်ထား တော်မူ၍ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာ၏နေရာတွင်ခန့်ထားတော်မူ၏။
နှစ်ပေါင်းများစွာကြာသောအခါ ပေရသိ ဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ ဧဇရနာမည်ရှိသူလူတစ်ယောက်ရှိ၏။ သူ သည်ယဇ်ပုရောဟိတ်မင်းအာရုန်မှဆင်းသက် လာကြောင်း အောက်ပါအတိုင်းသိနိုင်ပေသည်။ ဧဇရ၏အဖသည်စရာယ၊ စရာယ၏ အဖမှာအာဇရိ၊ အာဇရိ၏အဖကား ဟိလခိဖြစ်၏။-
အဟိတုတ်၏အဖသည်အာမရိ၊ အာမရိ ၏အဖမှာအာဇရိ၊ အာဇရိ၏အဖကား မေရာယုတ်ဖြစ်၏။-