ကြွင်းကျန်သည့်ရွှေငွေကို သင်နှင့်သင်၏အမျိုး သားများဆန္ဒရှိသည့်အတိုင်း သင်တို့ဘုရားသခင်၏အလိုတော်နှင့်အညီသုံးစွဲနိုင် သည်။-
လုပ်ငန်းကြီးကြပ်သူတို့သည်လုံးဝယုံ ကြည်စိတ်ချရသူများဖြစ်သဖြင့် သူတို့ အားငွေစာရင်းအင်းများကိုတင်ပြခိုင်း ရန်မလိုချေ။-
ကြီးကြပ်သူတို့သည်လုံးဝယုံကြည်စိတ်ချ ရသူများဖြစ်သဖြင့် သူတို့အားစာရင်းအင်း များပြခိုင်းရန်မလို'' ဟုအမိန့်ပေး၍ ဗိမာန်တော်သို့စေလွှတ်လေ၏။
``သင်သည်ဤငွေကိုသတိနှင့်သုံးစွဲ၍ နွား၊ သိုးထီး၊ သိုးသားငယ်၊ ဂျုံစပါးနှင့်စပျစ် ရည်တို့ကိုဝယ်ပြီးလျှင် ယေရုရှလင်မြို့ ဗိမာန်တော်ယဇ်ပလ္လင်တွင်တင်လှူပူဇော် လော့။-
ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုတွင်အသုံး ပြုရန် သင့်အားပေးအပ်လိုက်သည့်အသုံး အဆောင်တို့ကို ယေရုရှလင်မြို့တွင်စံတော် မူသောထာဝရဘုရားအားဆက်သလော့။-
အကယ်၍သင့်ဘုရားသခင်၏ပညတ်တော် များကိုဖြစ်စေ၊ အင်ပါယာနိုင်ငံတော်၏ တရားဥပဒေများကိုဖြစ်စေချိုးဖောက် သူအားသေဒဏ်၊ ပြည်နှင်ဒဏ်၊ ထိုသူပိုင်ပစ္စည်း များကိုသိမ်းယူခြင်းဒဏ်၊ သို့မဟုတ်ထောင် ဒဏ်အလျင်အမြန်ခံစေ'' ဟူ၍ဖော်ပြ ပါရှိ၏။
ထို့ကြောင့်သင်တို့သည်မိုက်မဲ၍မနေဘဲ သခင် ဘုရား၏အလိုတော်ကိုကြိုးစား၍ရှာကြလော့။