Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 7:15

Common Language Bible

သင်​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​တွင်​စံ တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​အား ငါ​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ အ​မတ်​များ​လှူ​ဒါန်း​သည့်​ရွှေ​နှင့်​ငွေ​ကို​ယူ ဆောင်​သွား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-

သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-

လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။

ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​စံ​တော်​မူ​ရာ ဗိ​မာန်​တော်၊ ကိုယ်​တော်​ထာ​ဝ​စဉ်​ကိန်း​ဝပ်​တော်​မူ​ရာ ဌာ​န​တော်​ကို​တည်​ဆောက်​ပြီး​ပါ​ပြီ'' ဟု ပတ္ထနာ​ပြု​တော်​မူ​၏။

သို့​ရာ​တွင်​ယ​ခု​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့ ကို​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​ဌာ​န​အ​ဖြစ် ဖြင့်​လည်း​ကောင်း၊ အ​ချင်း​ဒါ​ဝိဒ်၊ သင့်​အား​ငါ ၏​လူ​မျိုး​တော်​ကို​အုပ်​စိုး​မည့်​သူ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​ရွေး​ချယ်​ထား​လေ​ပြီ' ဟူ ၍​မိန့်​တော်​မူ​၏'' ဟု​ဆို​၏။

ထို​သူ​တို့​ပတ်​ဝန်း​ကျင်​ရှိ​လူ​တို့​သည် သူ​တို့​အား​ငွေ​ထည်၊ ရွှေ၊ ရိက္ခာ၊ ဝန်​တင်​တိ​ရစ္ဆာန်၊ အ​ခြား​အ​ဖိုး​ထိုက်​ပစ္စည်း​များ​နှင့်​ဗိ​မာန်​တော်​အ​တွက် အ​လှူ​ဒါ​န​များ​ကို​ပေး​အပ်​ကူ​ညီ​ကြ​လေ​သည်။

ယေ​ရု​ရှ​လင်​မြို့​ကို မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တော်​အ​ဖြစ်​ရွေး​ချယ်​သတ်​မှတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ဤ​အ​မိန့်​ကို​ဖီ​ဆန်​ကာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​ကို​ဖြို​ဖျက်​ရန်​ကြိုး​စား​သူ အ​ဘယ်​ဘု​ရင်​သို့​မ​ဟုတ်​လူ​မျိုး​ကို​မ​ဆို​ဖျက်​ဆီး​တော်​မူ​ပါ​စေ​သ​တည်း။ ဤ​ကား​ငါ​ဒါ​ရိ​မင်း​၏​အ​မိန့်​တော်​ဖြစ်​၏။ အ​မိန့်​တော်​အ​တိုင်း​နာ​ခံ​ကြ​လော့'' ဟု​ဖော်​ပြ​ပါ​ရှိ​လေ​သည်။

နံ​ရံ​များ​ကို​ကျောက်​တုံး​တန်း​သုံး​ဆင့်၊ သစ်​သား​တန်း​တစ်​ဆင့်​ကျ​အ​ထပ်​ထပ်​ဆောက်​လုပ်​ရ​မည်။ ကုန်​ကျ​သည့်​စ​ရိတ်​မှန်​သ​မျှ​ကို ဘု​ရင့်​ဘဏ္ဍာ​တော်​တိုက်​မှ​ထုတ်​၍​သုံး​စွဲ​ရ​မည်။-

ငါ​ဘု​ရင်​မင်း​မြတ်​နှင့်​ငါ​၏​အ​တိုင်​ပင်​ခံ​အ မတ်​ခု​နစ်​ဦး​တို့​သည် သင့်​အား​ယေ​ရု​ရှ​လင် မြို့​နှင့်​ယု​ဒ​ပြည်​အ​ခြေ​အ​နေ​ကို​စုံ​စမ်း​ရန် စေ​လွှတ်​သည်။ သင်​သည်​သင့်​အား​ပေး​အပ်​ထား တော်​မူ​သည့် သင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​လူ​တို့​အ​ဘယ်​မျှ​လိုက်​နာ​ကျင့် သုံး​ကြ​သည်​ကို​စုံ​စမ်း​လော့။-

ဗိ​မာန်​တော်​တွင်​အ​သုံး​ပြု​ရန်​မင်း​ကြီး​နှင့် သူ​၏​အ​တိုင်​ပင်​ခံ​အ​မတ်​များ၊ အ​ရာ​ရှိ များ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပေး လှူ​ကြ​သော​ရွှေ​ငွေ​နှင့်​အ​သုံး​အ​ဆောင် များ​ကို​ချိန်​တွယ်​၍ ထို​ယဇ်​ပု​ရော​ဟိတ်​တို့ အား​ပေး​အပ်​လိုက်​၏။-

ဇိ​အုန်​တောင်​တော်​ပေါ်​တွင်​လည်း​ကောင်း၊ ကိုယ်​တော်​ကိန်း​ဝပ်​တော်​မူ​ရာ ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း​ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

စ​ပိန်​ပြည်​နှင့်​ကျွန်း​များ​မှ​ရှင်​ဘု​ရင်​တို့​သည် အ​ခွန်​ဆက်​သ​ကြ​ပါ​လိမ့်​မည်။ အာ​ရေ​ဗျ​ပြည်​နှင့်​အဲ​သ​ရော​ပိ​ပြည်​မှ ရှင်​ဘု​ရင်​များ​သည်​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​လာ​ကြ​ပါ​လိမ့်​မည်။

သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ထား​ရှိ​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ကြ​လော့။ နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့၊ ကိုယ်​တော်​၏​ထံ​တော်​သို့​လက်​ဆောင်​ပဏ္ဏာ​များ​ကို ယူ​ဆောင်​ခဲ့​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​လူ​တို့ ကြောက်​လန့်​စေ​တော်​မူ​၏။

ကိုယ်​တော်​၏​အိမ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ရှိ​ပေ​သည်။ ကိုယ်​တော်​သည်​ဇိ​အုန်​တောင်​ပေါ်​တွင် ကိန်း​ဝပ်​တော်​မူ​၏။

ဇိ​အုန်​မြို့​တော်​တွင်​စိုး​စံ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​သီ​ချင်း​ဆို ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​ကို လူ​မျိုး​တ​ကာ​တို့​အား​ဖော်​ပြ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ