Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 6:9

Common Language Bible

ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​နှစ်​သက်​လက်​ခံ​တော်​မူ​သည့်​ယဇ်​များ​ကို​ပူ​ဇော်​၍ ငါ​နှင့်​ငါ​၏​သား​များ​အ​တွက်​ကိုယ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ပေး​ကြ​ရန် ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​ပု​ရော​ဟိတ်​များ​က မီး​ရှို့​ရာ​ပူ​ဇော်​သကာ​များ​အ​ဖြစ်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​အား​ဆက်​သ​ရန် လို​အပ်​သ​မျှ​သော​နွား​သ​ငယ်၊ သိုး၊ သိုး​သ​ငယ်၊ ဂျုံ​စ​ပါး၊ ဆား၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​ကို​နေ့​စဉ်​နေ့​တိုင်း​မ​ပျက်​မ​ကွက်​ပေး​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-

ပြန်​လည်​တည်​ဆောက်​မှု​တွင်​သူ​တို့​ကို​ကူ​ညီ​ကြ​ရန် ယ​ခု​သင်​တို့​အား​ငါ​အ​မိန့်​တော်​ရှိ​သည်။ တည်​ဆောက်​မှု​အ​ဆက်​မ​ပြတ်​စေ​ရန် ကုန်​ကျ​စ​ရိတ်​များ​ကို​ဥ​ဖ​ရတ်​မြစ်​အ​နောက်​ဘက်​ဒေ​သ​မှ ကောက်​ခံ​ရ​ရှိ​သော​အ​ခွန်​ငွေ​များ​ဖြစ်​သည့်​ဘု​ရင်​၏​ဘဏ္ဍာ​တော်​မှ​မ​ဆိုင်း​မ​တွ​ထုတ်​ပေး​ကြ​လော့။-

ရှင်​ဘု​ရင်​များ​သည်​သ​ခင်​သ​ဖွယ်​သင်​တို့​ကို စောင့်​ရှောက်​၍၊ မိ​ဖု​ရား​များ​သည်​လည်း​မိ​ခင်​သ​ဖွယ် ကျွေး​မွေး​ပြု​စု​ကြ​လိမ့်​မည်။ သူ​တို့​သည်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက် သင့်​အား​အ​လေး​ပြု​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ကူ​မ​တော်​မူ​မည်​ကို​စောင့်​မျှော်​သူ​မှန် သ​မျှ​သည် စိတ်​ပျက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု​မိန့်​တော်​မူ​၏။

ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။-

ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​သည်​အ​ပြစ် အ​နာ​ကင်း​သော​နွား​ပျို​တစ်​ကောင်​နှင့်​သိုး​ထီး တစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လော့။ နွား​ပျို​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​လည်း ကောင်း၊ သိုး​ထီး​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​လည်း ကောင်း​ပူ​ဇော်​လော့။-

``ယဇ်​ကောင်​ကို​ဆား​ခပ်​၍​သန့်​စင်​စေ​သ​ကဲ့​သို့ မီး​သည်​လူ​ခပ်​သိမ်း​တို့​ကို​သန့်​စင်​စေ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ