Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 6:5

Common Language Bible

ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​ဗာ​ဗု​လုန်​မြို့​သို့ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ယူ​ဆောင်​လာ​ခဲ့​သည့်​ရွှေ​ငွေ​အ​သုံး​အ​ဆောင်​ရှိ​သ​မျှ​ကို​လည်း သက်​ဆိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​ပြန်​လည်​ပေး​ပို့​ရ​မည်'' ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်​နှင့်​နန်း​တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို ဗာ​ဗု​လုန်​ပြည်​သို့​သိမ်း​ယူ​သွား​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​အ​တိုင်း နေ​ဗု​ခဒ်​နေ​ဇာ​သည် ဗိ​မာန်​တော်​တွင်​သုံး​ရန် ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​သည့်​ရွှေ​တန်​ဆာ ရှိ​သ​မျှ​ကို​ချွတ်​ယူ​လေ​သည်။-

နွေ​ဦး​ပေါက်​သော​အ​ခါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း သည်​ယေ​ခေါ​နိ​ကို​ဖမ်း​ဆီး​ပြီး​လျှင်​ဗာ​ဗု လုန်​ပြည်​သို့​ခေါ်​ဆောင်​သွား​၏။ နန်း​တော်​ဘဏ္ဍာ များ​ကို​လည်း​သိမ်း​ယူ​သွား​လေ​သည်။ ထို နောက်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏ ဘ​ထွေး​တော် ဇေ​ဒ​ကိ​ကို​ယု​ဒ​ဘု​ရင်​အ​ဖြစ်​ဖြင့်​ယေ​ရု ရှ​လင်​မြို့​တွင်​နန်း​တင်​တော်​မူ​၏။

ဗာ​ဗု​လုန်​ဘု​ရင်​သည်​ဗိ​မာန်​တော်​ရှိ​အ​သုံး အ​ဆောင်၊ ဗိ​မာန်​တော်​ဘဏ္ဍာ၊ မင်း​ကြီး​နှင့်​မှူး မတ်​တို့​၏​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​သွား​လေ သည်။-

ထို​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​မှ​နေ​ဗု​ခဒ်​နေ​ဇာ​သိမ်း​ယူ​ကာ ဗာ​ဗု​လုန်​မြို့​ဘု​ရား​ဗိ​မာန်​တွင်​ထား​ရှိ​သည့်​ဗိ​မာန်​တော်​ဆိုင်​ရာ​ရွှေ၊ ငွေ​အ​သုံး​အ​ဆောင်​တော်​များ​ကို​ပြန်​လည်​ပေး​အပ်​တော်​မူ​ခဲ့​ပါ​၏။-

ထို​နောက်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ပြည်​သူ​တို့​အား​ဆင့်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား က``ဗိ​မာန်​တော်​ဘဏ္ဍာ​များ​သည်​ဗာ​ဗု​လုန် ပြည်​မှ​မ​ကြာ​မီ​ပြန်​လည်​ရောက်​ရှိ​လာ လိမ့်​မည်​ဟု ဟော​ပြော​သည့်​ပ​ရော​ဖက်​တို့ ၏​စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ သူ တို့​သည်​သင်​တို့​အား​လိမ်​လည်​နေ​ကြ ခြင်း​ဖြစ်​၏။-

မီး​ကျီး​ခဲ​များ​သယ်​ယူ​ရာ​တွင်​အ​သုံး​ပြု သည့်​ခွက်​ငယ်​များ​နှင့်​အိုး​ကင်း​များ၊ ယဇ် ကောင်​သွေး​ခံ​ခွက်​ဖ​လား​များ၊ ပြာ​ခွက်​များ၊ မီး​တင်​ခုံ​များ၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ ခွက်​ဖ​လား​များ၊ စ​ပျစ်​ရည်​ပူ​ဇော်​သကာ သွန်း​လောင်း​ရာ​တွင်​အ​သုံး​ပြု​သည့်​ခွက် ဖ​လား​အ​စ​ရှိ​သည့်​ရွှေ​သို့​မ​ဟုတ်​ငွေ​ဖြင့် ပြီး​သည့်​ပစ္စည်း​မှန်​သ​မျှ​ကို​လည်း ယူ​ဆောင် သွား​လေ​သည်။-

ထာ​ဝ​ရ​ဘု​ရား​သည်​နေ​ဗု​ခဒ်​နေ​ဇာ​အား ယော​ယ​ကိမ်​မင်း​ကို​ဖမ်း​ဆီး​ခွင့်​နှင့်​ဗိ​မာန်​တော်​ဘဏ္ဍာ​အ​ချို့​ကို​သိမ်း​ယူ​ခွင့်​ပေး​တော်​မူ​၏။ နေ​ဗု​ခဒ်​နေ​ဇာ​သည်​သုံ့​ပန်း​များ​ကို​ဗာ​ဗု​လုန်​ပြည်​ရှိ မိ​မိ​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဖမ်း​ဆီး​သိမ်း​ယူ​ခဲ့​သည့်​ဘဏ္ဍာ​များ​ကို​ဝတ်​ကျောင်း​ဘဏ္ဍာ​တိုက်​တွင်​ထား​တော်​မူ​၏။

ယင်း​သို့​သောက်​လျက်​နေ​စဉ်​ယေ​ရု​ရှ​လင် မြို့​ဗိ​မာန်​တော်​မှ​ခ​မည်း​တော်​နေ​ဗု​ခဒ် နေ​ဇာ​မင်း​သိမ်း​ယူ​ခဲ့​သည့် ရွှေ​ဖ​လား၊ ငွေ ဖ​လား​များ​ကို​ရှေ့​တော်​သို့​ဆောင်​ယူ​ခဲ့​ရန် မိန့်​တော်​မူ​၏။ မိ​မိ​နှင့်​တ​ကွ​မှူး​မတ်​များ၊ မိ​ဖု​ရား​များ​နှင့်​မောင်း​မ​မိ​ဿံ​များ​စ​ပျစ် ရည်​သောက်​ရန်​ထို​ဖ​လား​များ​ကို​ယူ​ခဲ့​ရန် အ​မိန့်​ပေး​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ