ဧဇရ 6:18Common Language Bibleသူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်နှင့်လေဝိအနွယ်ဝင်ခေါင်းဆောင်တို့ သည် ကိုးကွယ်ဝတ်ပြုခြင်းအမှု၌ဦးဆောင် ရန်အာသပ်၊ ဟေမန်နှင့်ယေဒုသုန်သားချင်း စုတို့ကိုရွေးချယ်ကြ၏။ သူတို့သည်စောင်း သံ၊ လင်းကွင်းသံများနှင့်တွဲဖက်လျက် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောကြ ရန်ဖြစ်၏။ ကိုးကွယ်ဝတ်ပြုမှုကိုဦးဆောင်ရန် ရွေးချယ်ခြင်းခံသူများနှင့်သူတို့ထမ်း ဆောင်ရမည့်အလုပ်တာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
ယဇ်ပုရောဟိတ်များသည်မိမိတို့အတွက် သတ်မှတ်ထားသည့်နေရာတွင်ရပ်လျက်နေ ကြ၏။ လေဝိအနွယ်ဝင်တို့သည်ယဇ်ပုရော ဟိတ်တို့နှင့်မျက်နှာချင်းဆိုင်ရပ်လျက် ဒါဝိဒ် မင်းပြုလုပ်ခဲ့သောတူရိယာများဖြင့် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း၍ ဒါဝိဒ်မင်းစီမံခဲ့သည့်အတိုင်း``ကိုယ်တော် ၏မေတ္တာတော်သည်ထာဝစဉ်တည်၏'' ဟူ သောဋ္ဌမ္မသီချင်းကိုသီဆိုကြလေသည်။ လူအပေါင်းတို့ရပ်လျက်နေစဉ်ယဇ်ပုရော ဟိတ်တို့သည်တံပိုးခရာများကိုမှုတ်ကြ၏။