Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​ဇ​ရ 4:24

Common Language Bible

ဗိ​မာန်​တော်​တည်​ဆောက်​မှု​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ နန်း​စံ​ဒု​တိ​ယ​နှစ်​တိုင်​အောင်​ရပ်​စဲ​ခဲ့​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ရှိ​ဗိ​မာန် တော်​တည်​ခဲ့​ရာ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သည့် နှစ်၊ ဒု​တိ​ယ​လ​၌​ဗိ​မာန်​တော်​တည်​ဆောက်​မှု လုပ်​ငန်း​ကို စ​တင်​လုပ်​ကိုင်​ကြ​လေ​သည်။ ဇေ​ရု​ဗ ဗေ​လ၊ ယော​ရှု​နှင့်​ဆွေ​မျိုး​သား​ချင်း​များ၊ ယဇ် ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ​မှ​စ ၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပြန်​လာ​ကြ​သည့်​ပြည် နှင်​ဒဏ်​သင့်​သူ​အ​ပေါင်း​တို့​သည် တည်​ဆောက် မှု​လုပ်​ငန်း​တွင်​ပါ​ဝင်​ကြ​လေ​သည်။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​သည် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို ကြီး​ကြပ်​ရန်​တာ​ဝန်​ယူ​ကြ​ရ​၏။-

ဧ​က​ရဇ်​ဘု​ရင်​အာ​တ​ဇေ​ရဇ်​ထံ​မှ​ဤ​စာ​ကို ရေ​ဟုံ၊ ရှိ​မ​ရှဲ​နှင့်​သူ​တို့​၏​အ​ပေါင်း​အ​ဖော်​တို့​အား​ဖတ်​ပြ​သော​အ​ခါ သူ​တို့​သည်​ချက်​ချင်း​ပင်​ယေ​ရု​ရှ​လင်​မြို့​သို့​အ​လျင်​အ​မြန်​သွား​၍ ယု​ဒ​အ​မျိုး​သား​တို့​အား​ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​အ​နိုင်​အ​ထက်​ရပ်​ဆိုင်း​စေ​ကြ​၏။

ဧ​က​ရာဇ်​မင်း​ကု​ရု​လက်​ထက်​မှ​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​လက်​ထက်​တိုင်​အောင် သူ​တို့​သည်​ဤ​အ​တိုင်း​နှောင့်​ယှက်​ကြ​လေ​သည်။

ပ​ရော​ဖက်​ဟ္ဂဲ​နှင့်​ဣ​ဒေါ​သား​ပ​ရော​ဖက်​ဇာ​ခ​ရိ​တို့​သည် ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ကြ​၏။-

သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​စောင့်​ထိန်း​ကြည့်​ရှု​လျက်​နေ​တော်​မူ​သ​ဖြင့် ပေ​ရ​သိ​အ​ရာ​ရှိ​တို့​သည်​ဒါ​ရိ​မင်း​ထံ​သို့​စာ​ရေး​အ​ကြောင်း​ကြား​ရန်​နှင့် ထို​မင်း​ထံ​မှ​အ​မိန့်​တစ်​စုံ​တစ်​ရာ​ပြန်​လည်​မ​ရ​မ​ချင်း​မည်​သို့​မျှ​အ​ရေး​ယူ​ဆောင်​ရွက်​ခြင်း​မ​ပြု​ရန်​ဆုံး​ဖြတ်​ကြ​၏။-

သို့​ဖြစ်​၍​ဧ​က​ရာဇ်​မင်း​ဒါ​ရိ​သည်​ဗာ​ဗု​လုန်​မြို့​တွင် ထား​ရှိ​သည့်​နန်း​တော်​မှတ်​တမ်း​များ​တွင်​ရှာ​ဖွေ​ကြည့်​ရှု​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

ယု​ဒ​ခေါင်း​ဆောင်​တို့​သည်​ဟ္ဂဲ​နှင့်​ဇာ​ခ​ရိ​တို့​၏​အား​ပေး​မှု​ကြောင့် ဗိ​မာန်​တော်​တည်​ဆောက်​မှု​ကို​တိုး​တက်​အောင်​မြင်​စွာ​ဆောင်​ရွက်​နိုင်​ကြ​လေ​သည်။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ပေ​ရ​သိ​ဘု​ရင်​များ​ဖြစ်​သည့်​ကု​ရု​မင်း၊ ဒါ​ရိ​မင်း​နှင့်​အာ​တ​ဇေ​ရဇ်​မင်း​တို့​၏​အ​မိန့်​တော်​များ​အ​ရ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင်​တည်​ဆောက်​ကြ​ရာ၊-

ဒါ​ရိ​မင်း​နန်း​စံ​ခြောက်​နှစ်​မြောက်၊ အာ​ဒါ​လ​သုံး​ရက်​နေ့​၌​လက်​စ​သတ်​ကြ​၏။-

ငါ​သည်​သူ​တို့​ထံ​သို့​လူ​စေ​လွှတ်​၍``ငါ​သည် ဤ​အ​ရပ်​တွင်​အ​ရေး​ကြီး​သည့်​အ​လုပ်​ကို လုပ်​ဆောင်​လျက်​နေ​ရ​သ​ဖြင့် ထို​အ​ရပ်​သို့ မ​လာ​နိုင်။ သင်​တို့​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် ကိစ္စ​တစ်​ခု​တည်း​အ​တွက်​ဤ​အ​လုပ်​ကို​ရပ် ဆိုင်း​၍​မ​ထား​နိုင်​ပါ'' ဟု​ပြန်​ကြား​ပေး လိုက်​၏။

မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။

ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။

သင့်​အား​ယ​ခု​ငါ​ပြော​ပြ​မည့်​အ​ရာ များ​သည်​အ​မှန်​ဖြစ်​ပျက်​မည်'' ဟု​ဆို​၏။ ကောင်း​ကင်​တ​မန်​က``ပါ​ရှ​နိုင်​ငံ​တွင်​နောက် ထပ်​ဘု​ရင်​သုံး​ပါး​ပေါ်​ထွန်း​လာ​လိမ့်​မည်။ ထို​နောက်​စ​တုတ္ထ​ဘု​ရင်​ပေါ်​ထွန်း​ကာ အ​ခြား ဘု​ရင်​များ​ထက်​ပို​၍​ချမ်း​သာ​ကြွယ်​ဝ​လိမ့် မည်။ သူ​သည်​မိ​မိ​တန်​ခိုး​အာ​ဏာ​အ​ကြီး မား​ဆုံး၊ အ​ချမ်း​သာ​ဆုံး​အ​ချိန်​သို့​ရောက် သော​အ​ခါ ဂ​ရိတ်​နိုင်​ငံ​အား​စစ်​မက်​ပြိုင် ဆိုင်​ရန်​ဖိတ်​ခေါ်​လိမ့်​မည်။

ယ​ခု​ဖော်​ပြ​မည့်​အ​ချက်​ကို​သ​တိ​ပြု ၍​နား​လည်​လော့။ ယေ​ရု​ရှ​လင်​မြို့​ကို​ပြန် လည်​တည်​ထောင်​ရန်​အ​မိန့်​ပေး​ချိန်​မှ​စ​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​သည့်​ခေါင်း​ဆောင် ပေါ်​လာ​ချိန်​အ​ထိ နှစ်​ပေါင်း​ခု​နစ်​နှစ်​နှင့် ခု​နစ်​လီ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည် လမ်း​များ၊ ခိုင်​ခံ့​သော​မြို့​ရိုး​များ​နှင့်​ပြန် လည်​တည်​ထောင်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ ခု​နစ်​လီ​ကြာ​အောင်​တည်​လိမ့်​မည်။ သို့ ရာ​တွင်​ထို​ကာ​လ​သည်​ဒု​က္ခ​များ​ရာ ကာ​လ​ဖြစ်​လိမ့်​မည်။-

ပေ​ရ​သိ​ပြည်​ဧ​က​ရာဇ်​ဒါ​ရိ​မင်း​နန်း​စံ ဒု​တိ​ယ​နှစ်​ဆ​ဋ္ဌ​မ​လ​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ ဘု​ရား​သည်​ပ​ရော​ဖက်​ဟ္ဂဲ​အား​ဗျာ​ဒိတ် ပေး​တော်​မူ​ပါ​၏။ ထို​ဗျာ​ဒိတ်​တော်​သည်​ယု​ဒ ဘု​ရင်​ခံ​ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ဇ​ဒတ်​၏​သား ယော​ရှု​တို့​အ​တွက်​ဖြစ်​၏။

ဧ​က​ရာဇ်​မင်း​ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ ဆ​ဋ္ဌ​မ​လ၊ နှစ်​ဆယ့်​လေး​ရက်​နေ့​၌ စ​တင်​ဆောင်​ရွက်​ကြ​လေ​သည်။

ထာ​ဝ​ရ​ဘု​ရား​က​သင်​တို့​သည်​မိ​မိ​တို့ ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက်​ကို​မ​သိ မ​မြင်​ကြ​ပါ​သ​လော။ ဗိ​မာန်​တော်​ကို​ပြန် လည်​မ​တည်​မ​ဆောက်​မီ​အ​ခါ​က၊-

ယ​နေ့​သည်​ဗိ​မာန်​တော်​အုတ်​မြစ်​ချ​မှု​ပြီး ဆုံး​သည့်​နေ့၊ န​ဝ​မ​လ၊ နှစ်​ဆယ့်​လေး​ရက် နေ့​ဖြစ်​၏။ ထို​နေ့​မှ​စ​၍​ရှေ့​တွင်​မည်​သို့​ဖြစ် လာ​လိမ့်​မည်​ကို​သင်​တို့​ရှု​မှတ်​ကြ​လော့။ သေ​ချာ​ရှု​မှတ်​လော့။-

ဤ​ဗျာ​ဒိတ်​တော်​သည်​ပေ​ရ​သိ​ဧ​က​ရာဇ်​ဘု​ရင် ဒါ​ရိ​နန်း​စံ​ဒု​တိ​ယ​နှစ်၊ အ​ဋ္ဌ​မ​လ​၌​ပ​ရော​ဖက် ဇာ​ခ​ရိ​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော နှုတ်​က​ပတ်​တော်​ဖြစ်​သည်။ ဇာ​ခ​ရိ​ကား​ဣ​ဒေါ ၏​မြေး၊ ဗာ​ရ​ခိ​၏​သား​ဖြစ်​သ​တည်း။-

ငါ​တို့​သည်​သင်​တို့​ထံ​သို့​တစ်​ဖန်​လာ​ရောက် လို​ကြ​၏။ ငါ​ကိုယ်​တိုင်​သင်​တို့​ထံ​သို့​လာ​ရန် တစ်​ကြိမ်​နှစ်​ကြိမ်​ကြိုး​စား​ခဲ့​၏။ သို့​ရာ​တွင် စာ​တန်​က​ငါ​တို့​အား​ဆီး​တား​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ