ငါ၏အကျိုးကိုထပ်မံ၍မထိမခိုက်စေရန်ယင်းအမိန့်ကိုချက်ချင်းထုတ်ပြန်ကြရမည်'' ဟူ၍တည်း။
အရှင်မင်းကြီး၊ ဤမြို့ကိုပြန်လည်တည်ထောင်ကာမြို့ရိုးများကိုလည်းဆောက်လုပ်ပြီးစီးသွားပါက မြို့သူမြို့သားတို့သည်အကောက်အခွန်များကိုပေးဆောင်ကြတော့မည်မဟုတ်ပါ။ သို့ဖြစ်၍အရှင်၏အခွန်တော်လျော့နည်းသွားပါလိမ့်မည်။''
သို့ဖြစ်၍ငါ၏ထံမှနောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း၊ ထိုမြို့ပြန်လည်တည်ဆောက်မှုကိုရပ်ဆိုင်းထားကြရန်သင်တို့အမိန့်ထုတ်ဆင့်ကြရမည်။-
ဧကရဇ်ဘုရင်အာတဇေရဇ်ထံမှဤစာကို ရေဟုံ၊ ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်တို့အားဖတ်ပြသောအခါ သူတို့သည်ချက်ချင်းပင်ယေရုရှလင်မြို့သို့အလျင်အမြန်သွား၍ ယုဒအမျိုးသားတို့အားဗိမာန်တော်တည်ဆောက်မှုကိုအနိုင်အထက်ရပ်ဆိုင်းစေကြ၏။
ဒံယေလနှင့်အခြားသူနှစ်ယောက်တို့ အားဘုရင်ခံများကိုကွပ်ကဲကြီးကြပ် ရန်နှင့် ဘုရင့်အကျိုးတော်ကိုစောင့်ရှောက် ရန်အတွက်ရွေးချယ်ခန့်ထားတော်မူ၏။-
ထို့နောက်မကြာမီဒံယေလသည်အခြား ကြီးကြပ်ရေးအဖွဲ့ဝင်များဘုရင်ခံများ ထက်ပို၍ အရည်အချင်းကောင်းမွန်သူ ဖြစ်ကြောင်းသိသာထင်ရှားလာ၏။ သူသည် အလွန်ပင်ထူးချွန်သဖြင့် မင်းကြီးသည် သူ့အားအင်ပါယာနိုင်ငံတစ်ခုလုံးကို ကွပ်ကဲအုပ်ချုပ်စေရန်အကြံရှိတော် မူ၏။-