ဧဇရ 4:14Common Language Bible``အကျွန်ုပ်တို့သည်အရှင်၏ကျေးဇူးတော်နှင့်မကင်းသူများဖြစ်သည့်အလျောက် ယင်းသို့အခွန်တော်ယုတ်လျော့မှုကိုမတွေ့မမြင်လိုကြပါ။- အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်အရှင်၏ဘိုးတော်ဘေးတော်များထားရှိခဲ့သည့် မှတ်တမ်းများကိုအမိန့်ထုတ်ဆင့်၍ရှာဖွေကြည့်ရှုစေတော်မူပါက ဤမြို့သည်ပုန်ကန်လေ့ရှိကြောင်းကိုလည်းကောင်း၊ ရှေးကာလမှအစပြု၍ပြည်နယ်များကိုအုပ်စိုးသောဘုရင်များ၊ ဘုရင်ခံများအားဒုက္ခပေးခဲ့ဖူးကြောင်းကိုလည်းကောင်းတွေ့ရှိရပါလိမ့်မည်။ ဤမြို့သားတို့သည်အစဉ်ပင်အုပ်ချုပ်ရခက်သူများဖြစ်ကြပါ၏။ ဤအကြောင်းကြောင့်ဤမြို့သည်ဖျက်ဆီးခြင်းခံခဲ့ရပါသည်။-