ဧဇရ 3:2Common Language Bibleယောဇဒက်၏သားယောရှုနှင့်အဖော်ယဇ်ပုရော ဟိတ်များ၊ ရှာလသေလ၏သားဇေရုဗဗေလ နှင့်တကွ သူ၏ဆွေမျိုးသားချင်းများသည် ဘုရားသခင်၏အစေခံမောရှေစီရင်သည့် ပညတ်ကျမ်းတွင်ပါရှိသောညွှန်ကြားချက် များအတိုင်း ယဇ်များကိုမီးရှို့ပူဇော်နိုင် ရန်ယဇ်ပလ္လင်ကိုတည်ဆောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍သူတို့သည် ယေရုရှလင်မြို့ရှိဗိမာန် တော်တည်ခဲ့ရာသို့ပြန်လည်ရောက်ရှိလာသည့် နှစ်၊ ဒုတိယလ၌ဗိမာန်တော်တည်ဆောက်မှု လုပ်ငန်းကို စတင်လုပ်ကိုင်ကြလေသည်။ ဇေရုဗ ဗေလ၊ ယောရှုနှင့်ဆွေမျိုးသားချင်းများ၊ ယဇ် ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များမှစ ၍ ယေရုရှလင်မြို့သို့ပြန်လာကြသည့်ပြည် နှင်ဒဏ်သင့်သူအပေါင်းတို့သည် တည်ဆောက် မှုလုပ်ငန်းတွင်ပါဝင်ကြလေသည်။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူလေဝိအနွယ် ဝင်တို့သည် ဗိမာန်တော်တည်ဆောက်မှုကို ကြီးကြပ်ရန်တာဝန်ယူကြရ၏။-
ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။ စရာယ၊ယေရမိ၊ဧဇရ၊ အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေခနိ၊ရေဟုံ၊မေရမုတ်၊ ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊ မိညာမိန်၊မာဒျာ၊ဗိလဂ၊ ရှေမာယ၊ယောယရိပ်၊ယေဒါယ၊ သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ ယောရှု၊ဗိနွိ၊ကပ်မျေလ၊ ရှေရဘိ၊ယုဒနှင့်မဿနိ၊
ထိုအခါရှာလသေလ၏သားဇေရုဗ ဗေလ၊ ယဇ်ပုရောဟိတ်မင်းယောဇဒတ်၏ သားယောရှုနှင့်ကျန်ကြွင်းသောပြည်သူ အပေါင်းတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရားမိန့်မှာစေခိုင်းတော်မူသည့် အမှုတို့ကိုပြုကြ၏။ သူတို့သည်ကြောက် လန့်သဖြင့် ထာဝရဘုရား၏စေလွှတ် တော်မူသောတမန်တော်ပရောဖက်ဟ္ဂဲ ပြောဆိုသည့်စကားကိုနားထောင်ကြ၏။-
ထာဝရဘုရားသည်ယုဒဘုရင်ခံရှာလ လေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရော ဟိတ်မင်းယောဇဒတ်၏သားယောရှုနှင့် ပြည် နှင်ဒဏ်သင့်ရာမှပြန်လာကြသူအပေါင်း တို့အား ဗိမာန်တော်တည်ဆောက်မှုတွင်စိတ် အားထက်သန်၍လာစေတော်မူ၏။ သူတို့ သည်မိမိတို့၏ဘုရားသခင်အနန္တတန် ခိုးရှင်ထာဝရဘုရား၏ဗိမာန်တော် တည်ဆောက်မှုကို၊-