ဧဇရ 3:13Common Language Bibleဝမ်းမြောက်စွာကြွေးကြော်သံနှင့်ငိုကြွေးသံကို အဘယ်သူမျှခွဲခြား၍မရကြ။ လူတို့သည် ကျယ်စွာအော်ဟစ်ကြသောကြောင့် အဝေးကပင် ကြားရလေသည်။ အခန်းကိုကြည့်ပါ။ |
ထို့နောက်ဇာဒုတ်နှင့်နာသန်တို့ကရှောလမုန် အား ဂိဟုန်စမ်းတွင်ဘိသိက်ပေးကြပါသည်။ သူတို့သည်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ် လျက်မြို့ထဲသို့ဝင်ကြသဖြင့် မြို့သူမြို့သား တို့သည်ယခုအခါအုတ်အုတ်ကျက်ကျက် ဖြစ်၍နေကြပါ၏။ အရှင်ကြားရသည့် အသံသည်ထိုသူတို့၏အသံပင်ဖြစ်ပါ၏။-
ထိုနေ့၌ယဇ်အမြောက်အမြားကိုပူဇော်ကြ၏။ ဝမ်းမြောက်ရွှင်လန်းခွင့်ကိုဘုရားသခင်ပေးတော်မူသောကြောင့်လူတို့သည်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့နှင့်အတူအမျိုးသမီးများနှင့်ကလေးများသည်လည်းပါဝင်ဆင်နွှဲကြသည်ဖြစ်၍ သူတို့၏ရွှင်လန်းဝမ်းမြောက်သံကိုအဝေးကပင်ကြားနိုင်လေသည်။
သို့ရာတွင်ကိုယ်တော်ရှင်ထံတော်တွင်လုံခြုံစွာ ခိုလှုံကြသောသူအပေါင်းတို့သည် ဝမ်းမြောက်ရွှင်လန်းရကြပါလိမ့်မည်။ သူတို့သည်ဝမ်းမြောက်သဖြင့်အစဉ် သီချင်းဆိုကြပါလိမ့်မည်။ ကိုယ်တော်ရှင်သည်မိမိအားချစ်သူတို့ကို ကွယ်ကာစောင့်ထိန်းတော်မူပါ၏။ ကိုယ်တော်ရှင်ကြောင့်သူတို့သည်အကယ်ပင် ဝမ်းမြောက်ရကြပါ၏။
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''