ဧဇရ 2:43Common Language Bibleပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောဗိမာန်တော်အလုပ်သမားသားချင်းစုများမှာ၊ ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ ကေရုတ်၊သယာဟ၊ပါဒုန်၊ လေဗန၊ဟာဂဘ၊အက္ကုပ်၊ ဟာဂပ်၊ရှာလမဲ၊ဟာနန်၊ ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊ သြဇ၊ပါသာ၊ဗေသဲ၊ အာသနာ၊မဟုနိမ်၊နဖုသိမ်၊ ဗာကဗုတ်၊ဟကုဖ၊ယာရဟုရ၊ ဗာဇလုတ်၊မဟိဒ၊ဟရရှ၊ ဗာကုတ်၊သိသရ၊သာမ နေဇိနှင့်ဟတိဖတို့ဖြစ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဧဇရသည်ယဇ်ပုရောဟိတ်များ၊ လေဝိ အနွယ်ဝင်များ၊ ဗိမာန်တော်ဂီတပညာသည် များ၊ ဗိမာန်တော်အစောင့်တပ်သားများနှင့် အလုပ်သမားများပါဝင်သည့်ဣသရေလ အမျိုးသားများနှင့်အတူ အာတဇေရဇ် မင်းနန်းစံခုနစ်နှစ်မြောက်၌ ဗာဗုလုန်မြို့ မှယေရုရှလင်မြို့သို့လိုက်လာခဲ့၏။-
ငါတို့ပြည်တွင်နေထိုင်သူလူမျိုးခြားများ နှင့် ကွာလိုက်ကြသောဣသရေလအမျိုးသား များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များ၊ ဗိမာန်တော်အစောင့်တပ်သားများ၊ ဗိမာန် တော်ဂီတပညာသည်များ၊ဗိမာန်တော်အလုပ် သမားများမှစသောငါတို့သည် မိမိတို့ ဇနီးများနှင့်အရွယ်ရောက်သူသားသမီး တို့နှင့်အတူတကွမောရှေမှတစ်ဆင့်ထာဝရ ဘုရားပေးအပ်တော်မူသောတရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ငါတို့၏ထာဝရ ဘုရားပေးတော်မူသောအမိန့်တော်ရှိသမျှ ကိုနားထောင်ပါမည်။ ကိုယ်တော်၏ပညတ် တော်များနှင့်ပြဋ္ဌာန်းတော်မူချက်ရှိ သမျှတို့ကိုလိုက်လျှောက်ပါမည်။ ဤ ကတိသစ္စာကိုချိုးဖောက်သော်ကျိန်စာ သင့်ပါစေ။
အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။ ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။