အာမုတ် 9:8Common Language Bibleငါအရှင်ထာဝရဘုရားသည်အပြစ်များ လှသော ဤဣသရေလနိုင်ငံကိုသတိဖြင့် စောင့်ကြည့်နေပြီ။ ဤနိုင်ငံကိုမြေပေါ်မှ ကွယ်ပျောက်သွားအောင်ပယ်ဖျက်တော့မည်။ သို့သော်လည်းငါသည်ယာကုပ်အမျိုးအနွယ် အားလုံးကိုဖျက်ဆီးမည်မဟုတ်ဟုထာဝရ ဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ကယ်တင်ရန်သင်တို့ထံလာမည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာနိုင်ငံ တကာတို့အား ဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည်မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း အပြစ်ဒဏ်ခတ်သောအခါ၌မူကား တရားသဖြင့်ပြုမည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ထာဝရဘုရားထံကူမတော် မူရန် လျှောက်ထားကြသူလူအပေါင်းတို့မူကား၊ ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း `ယေရုရှလင်မြို့သူ၊ မြို့သား အချို့တို့သည်အသက်ဘေးနှင့် ကင်းလွတ်ကြလိမ့်မည်။ ငါရွေးချယ်သူတို့သည်အသက်မသေဘဲ ကျန်ရှိကြလိမ့်မည်' ဟုမိန့်တော်မူ၏။''
ထာဝရဘုရားက``သိုးထိန်းသည်ခြင်္သေ့ စာဖြစ်သွားသောသိုးတစ်ကောင်၏ခြေနှစ် ချောင်း သို့မဟုတ်နားရွက်တစ်ဖက်စသော အပိုင်းအစများကိုသာကောက်ယူနိုင် သကဲ့သို့ ရှမာရိပြည်ဒမာသက်မြို့ရှိ ကုတင်မွေ့ယာတို့ပေါ်၌ စည်းစိမ်ယစ်မူး နေသူတို့အနက်လူအနည်းငယ်သာ လျှင်ကျန်ရစ်ပေမည်။-
ထိုသို့ဆိုသောကြောင့်သင့်ကိုထာဝရ ဘုရားက ဤသို့မိန့်တော်မူပြီ။ `သင်၏ မယားသည်ပြည့်တန်ဆာဘဝသို့ရောက် သွားရမည်။ သင်၏သားသမီးများသည် လည်းစစ်ပွဲ၌ကျဆုံးရလိမ့်မည်။ သင်ပိုင် သောမြေယာများကိုခွဲဝေကာသူတစ်ပါး လက်သို့ပေးအပ်လိုက်မည်။ သင်ကိုယ်တိုင်သည် မိစ္ဆာနိုင်ငံတစ်ခု၌သေဆုံးရမည်။ ဣသရေလ ပြည်သားသည်မိမိတို့နေရင်းနိုင်ငံမှ တိုင်း တစ်ပါးသို့ချုပ်နှောင်သွားခြင်းကိုခံရ ကြမည်' ''ဟုအာမဇိအားပြန်၍ဆို လိုက်၏။