Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 9:13

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က ``စ​ပါး​ရိတ်​၍​မ​မီ​နိုင်​လောက်​အောင်​ပင် ပျိုး​က​သန်​လှ​သည့်​အ​ချိန်​ကာ​လ​နှင့် စ​ပျစ်​ရည်​လုပ်​နိုင်​သည်​ထက်​စ​ပျစ်​သီး​များ လှိုင်​နေ​သော​နေ့​ရက်​များ​ရောက်​လာ​မည်။ တောင်​တန်း​ကြီး​ငယ်​တို့​မှ​စ​ပျစ်​ရည်​ချို စီး​ယို​နေ​သော အ​ချိန်​ကာ​လ​ရောက်​လာ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သူ​သည်​သူ​၏​မြည်း​ပေါက်​က​လေး​ကို​အ​ကောင်း ဆုံး စ​ပျစ်​နွယ်​၌​ချည်​နှောင်​ထား​၏။ သူ​သည်​မိ​မိ​၏​အ​ဝတ်​များ​ကို​ပတ္တ​မြား​သွေး စ​ပျစ်​ရည်​တွင်​ဖွပ်​လျှော်​၏။

ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သော အ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့ တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။

ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-

ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

သူ​တို့​သည်​ထို​အ​ရပ်​တွင်​ဘေး​မဲ့​လုံ​ခြုံ​စွာ နေ​ရ​ကြ​လိမ့်​မည်။ အိမ်​များ​ကို​ဆောက်​၍ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်​ပျိုး​ကြ​လိမ့်​မည်။ သူ​တို့​အား​မ​ထီ​မဲ့​မြင်​ပြု​ခဲ့​သူ​အိမ်​နီး ချင်း​အ​ပေါင်း​တို့​အား​ငါ​ဒဏ်​ပေး​သော အ​ခါ​ဘေး​မဲ့​လုံ​ခြုံ​လိမ့်​မည်။ ဣ​သ​ရေ​လ ပြည်​သည်​ဘေး​ကင်း​၍​နေ​လိမ့်​မည်။ ထို အ​ခါ​ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သူ တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-

ကောက်​နယ်​တ​လင်း​တို့​သည်​ဂျုံ​ဆန်​များ​နှင့် ပြည့်​နှက်​နေ​လိမ့်​မည်။ အ​သီး​နယ်​ရာ​ကျင်း​တို့​သည်​လည်း​စ​ပျစ် ရည်​နှင့် သံ​လွင်​ဆီ​တို့​ဖြင့်​လျှံ​လျက်​နေ​လိမ့်​မည်။

ထို​ကာ​လ​၌​တောင်​တို့​သည်​စ​ပျစ်​ဥ​ယျာဉ် များ​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​လိမ့်​မည်။ တောင်​ကုန်း​မှန်​သ​မျှ​တို့​တွင်​လည်း​ကျွဲ​နွား​များ ကို​မြင်​ရ​လိမ့်​မည်။ ယု​ဒ​ပြည်​တစ်​ခု​လုံး​၌​ရေ​အ​လုံ​အ​လောက် ရ​ရှိ​ကြ​လိမ့်​မည်။ စမ်း​ရေ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ စီး​ဆင်း​လာ​လျက်​ရှိတ္တိမ်​ချိုင့်​ဝှမ်း​ကို​စို​ပြေ​စေ လိမ့်​မည်။

ငါ​သည်​အ​သတ်​ခံ​ခဲ့​ရ​ကြ​သူ​များ​အ​တွက် လက်​စား​ချေ​မည်။ အ​ပြစ်​ရှိ​သူ​တို့​အား​ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ကို​မူ​ကား၊ ထာ​ဝ​စဉ်​လူ​တို့​နေ​ထိုင်​ရာ​ဖြစ်​စေ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လည်း​ဇိ​အုန်​တောင်​ပေါ် တွင် ကျိန်း​ဝပ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​လ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂတ္တိ​ကျမ်း​ပြီး​၏။

အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် ပ​ထ​ဝီ​မြေ​ကြီး​ကို​တို့​တော်​မူ​သ​ဖြင့်၊ မြေ​င​လျင်​ကြီး​လှုပ်​သည်။ မြေ​သား​အ​ပေါင်း​တို့​လည်း​ငို​ကြွေး​ရ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီ​ဂျစ်​ပြည်​မှ​နိုင်း​မြစ်​ကဲ့​သို့ တက်​ခြင်း​ကျ​ခြင်း​ရှိ​လိမ့်​မည်။

နောက်​လေး​လ​မျှ​ကြာ​လျှင်​ကောက်​ရိတ်​ချိန် ရောက်​လိမ့်​မည်​ဟု သင်​တို့​ဆို​တတ်​ကြ​သည် မ​ဟုတ်​လော။ သင်​တို့​အား​ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို​မျှော်​ကြည့်​လော့။ ရိတ်​သိမ်း ရန်​သီး​နှံ​တို့​သည်​မှည့်​ဝင်း​လျက်​ရှိ​ပေ​ပြီ။-

တောင်​ရိုး​တို့​သည်​သိ​နာ​တောင်​၏​အ​ရှင် ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​တုန်​လှုပ်​ကြ ပါ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ