Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 8:11

Common Language Bible

``တစ်​ပြည်​လုံး​ငတ်​မွတ်​ရ​မည့်​ကပ်​ဆိုး​ကြီး ကို​ငါ​ကျ​ရောက်​စေ​မည်။ အ​စာ​အ​တွက်​ငတ် မွတ်​ခြင်း​မ​ဟုတ်။ ရေ​ကို​ဆာ​လောင်​ခြင်း​လည်း မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​သ​တင်း စ​ကား​တော်​ကို​ငတ်​မွတ်​ခြင်း​ပင်​ဖြစ်​လိမ့်​မည်။ ထို​နေ့​များ​ရောက်​ရှိ​လာ​တော့​မည်။ ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ကာ​လ ကြာ​မြင့်​စွာ​မှန်​သော​ဘု​ရား​မ​ရှိ၊ သွန်​သင် ပေး​မည့်​ယဇ်​ပု​ရော​ဟိတ်​များ​မ​ရှိ၊ တ​ရား လည်း​မ​ရှိ။-

ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။

ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာ ရှိ၏။

ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ပေါင်း​ပင်​များ နှင့်​ပြည့်​နှက်​နေ​စေ​မည်။ စ​ပျစ်​ခက်​တို့​ကို​ရှင်း လင်း​၍​မြေ​ကို​တူး​ဆွ​၍​ပေး​လိမ့်​မည်​မ​ဟုတ်။ ဆူး​ပင်​အ​မျိုး​မျိုး​ကို​ပေါက်​စေ​မည်။ ထို​ဥ​ယျာဉ် အ​ပေါ်​သို့​မိုး​မ​ရွာ​စေ​ရန် မိုး​တိမ်​များ​ကို​ပင် ငါ​ပိတ်​ပင်​ဆီး​တား​မည်'' ဟု​မြွက်​ဆို​၏။

ဘေး​ဒုက္ခ​တို့​သည်​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက် လာ​လျက် သင်​တို့​သည်​သ​တင်း​ဆိုး​များ​ကို အ​ဆက်​မ​ပြတ်​ကြား​ရ​ကြ​လိမ့်​မည်။ သင်​တို့ သည်​ပ​ရော​ဖက်​တို့​အား​သူ​တို့​တွေ့​မြင်​ရ သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​ဖော်​ပြ​ရန် တောင်း​ပန်​ကြ​လိမ့်​မည်။ ယဇ်​ပု​ရော​ဟိတ်​များ တို့​မှာ​လည်း လူ​တို့​အား​ဟော​ပြော​သွန်​သင် ရန်​အ​ဘယ်​အ​ရာ​မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်။ အ​သက်​ကြီး​သူ​တို့​သည်​လည်း​အ​ဘယ်​သို့ မျှ​အ​ကြံ​ဉာဏ်​ပေး​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-

ထို​အ​ကျင့်​များ​ကို​မ​စွန့်​လျှင်​ငါ​သည်​သူ​၏ အ​ဝတ်​ကို​ချွတ်​၍ သူ​မွေး​သည့်​နေ့​က​ကဲ့​သို့ အ​ဝတ်​အ​ချည်း​စည်း​ရှိ​စေ​မည်၊ သူ့​အား​သွေ့ ခြောက်​၍​အ​သုံး​မ​ကျ​သော​လွင်​ပြင်​ကဲ့​သို့ ဖြစ်​စေ​သ​ဖြင့် သူ​သည်​ရေ​ငတ်​၍​အ​သက် ဆုံး​ရ​လိမ့်​မည်။-

``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-

လူ​ပ​ရိ​သတ်​တို့​သည်​သိုး​ထိန်း​မဲ့​သည့်​သိုး​များ ကဲ့​သို့​အား​ကိုး​စ​ရာ​မ​ရှိ၊ ပူ​ပင်​သော​က​ရောက် လျက်​နေ​ကြ​သည်​ကို​မြင်​တော်​မူ​လျှင်​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​၏။-

ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။

မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-

သူ​ငယ်​ရှ​မွေ​လ​သည်​ဧ​လိ​ညွှန်​ကြား​မှု​ကို ခံ​ယူ​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​လျက်​နေ​၏။ ထို​ကာ​လ​၌​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​များ​ကို​များ​စွာ မ​ကြား​ရ​ကြ။ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို လည်း​မြင်​တွေ့​ရ​မှု​နည်း​ပါး​လေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ