အာမုတ် 7:1Common Language Bibleအထွတ်ဘုရင်အရှင်ထာဝရဘုရားထံမှ ရူပါရုံတစ်ခုကိုငါမြင်ရ၏။ ဘုရင်မင်း မြတ်အတွက်ကောက်ပင်များရိတ်ပြီးစကာလ နှောင်း၊ မြက်ပင်ပေါက်ခါစအချိန်၌ထာဝရ ဘုရားသည်ကျိုင်းကောင်တစ်အုပ်ကိုဖန်ဆင်း တော်မူသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ဗိမာန်တော်ရှေ့တွင်ချ ထားသည့်သင်္ဘောသဖန်းသီးတောင်းနှစ်လုံး ကိုငါ့အားပြတော်မူ၏။ (ဤအချိန်အခါ မှာဗာဗုလုန်ဘုရင်၊ နေဗုခဒ်နေဇာသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိ အားယုဒခေါင်းဆောင်များ၊ လက်မှုပညာသည် များနှင့်ကျွမ်းကျင်သူအလုပ်သမားများ နှင့်အတူဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ် ဆောင်သွားပြီးသောအခါဖြစ်၏။-)
ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။-