Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 6:5

Common Language Bible

သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-

ဒါ​ဝိဒ်​မင်း​သည်​စောင်း​များ၊ လင်း​ကွင်း​များ​ဖြင့် ပျော်​ရွှင်​ဖွယ်​ကောင်း​သော​သီ​ချင်း​များ​သီ​ဆို တီး​မှုတ်​ရန် လေ​ဝိ​အ​နွယ်​ဝင်​အ​သီး​သီး​တို့ ကို​တာ​ဝန်​ပေး​အပ်​မည့်​အ​ကြောင်း ထို​သူ​တို့ ၏​ခေါင်း​ဆောင်​များ​အား​အ​မိန့်​ပေး​တော်​မူ​၏။-

လူ​လေး​ထောင်​တို့​အား​တံ​ခါး​စောင့်​တာ​ဝန်​ကို အပ်​နှင်း​လျက် အ​ခြား​လေး​ထောင်​တို့​ကို​မင်း ကြီး​ပေး​အပ်​ထား​သည့်​တူ​ရိ​ယာ​များ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​ရန် ခွဲ​ခန့်​သတ်​မှတ်​၍​ပေး​တော်​မူ​၏။

သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-

ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။

သင်​တို့​၏​ပွဲ​လမ်း​သ​ဘင်​များ​တွင်​စောင်း​များ၊ ပတ်​သာ​များ၊ ပ​လွေ​များ​နှင့်​စ​ပျစ်​ရည်​ပါ တတ်​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​ပြု​တော်​မူ​လျက်​နေ​သည်​ကို သင်​တို့​မ​သိ ကြ။-

သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-

ဆူ​ညံ​လှ​သော​တေး​သံ​များ​ကို​ရပ်​စဲ​လော့။ သင်​တို့​စောင်း​သံ​များ​ကို​လည်း​ငါ​မ​ကြား လို။-

ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

လွန်​ခဲ့​သည့်​ကာ​လ​က​သင်​တို့​သည်​မ​ယုံ ကြည်​သူ​များ​ပြု​ကျင့်​သ​ကဲ့​သို့​အ​တန်​ကြာ စွာ​ပြု​မူ​ကျင့်​ကြံ​ခဲ့​ကြ​၏။ မ​ပြု​သင့်​မ​ပြု ထိုက်​သည်​ကို​ပြု​မူ​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား ခြင်း၊ သေ​သောက်​ကြူး​ခြင်း၊ ပျော်​ရွှင်​မြူး​တူး​ခြင်း၊ သေ​သောက်​ပွဲ​များ​ကျင်း​ပ​ခြင်း​နှင့်​လွန်​စွာ မ​နှစ်​မြို့​အပ်​သည့်​ရုပ်​တု​ကိုး​ကွယ်​ခြင်း တို့​တွင်​ပါ​ဝင်​ခဲ့​ကြ​၏။-

သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ