Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 6:10

Common Language Bible

သေ​လွန်​သူ​တစ်​ဦး​၏​ဆွေ​မျိုး​တစ်​ယောက်​က သေ​လွန်​သွား​သူ​၏​အ​လောင်း​ကို​မီး​သတ်​ရန် ရောက်​လာ​၍ အိမ်​အ​တွင်း​ထဲ​၌​ရှိ​နေ​သူ​တစ် ယောက်​အား``မည်​သူ​များ​ကျန်​ပါ​သေး သ​နည်း'' ဟု​မေး​လိုက်​သော်၊ ``မည်​သူ​မျှ​မ​ကျန်​တော့​ပါ'' ဟူ​သော အ​ဖြေ​ကို​သာ​ကြား​ရ​လိမ့်​မည်။ ယင်း​နောက်​ထို​သူ​က​ပင်``တိတ်​လော့၊ ထာ​ဝ​ရ ဘု​ရား​၏​နာ​မ​တော်​ကို​မျှ​မ​ဆို​မိ​ရန် ငါ တို့​သ​တိ​ထား​ရ​မည်'' ဟု​ဆို​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​သူ​သည်​လှည့်​လည်​၍​ကြည့်​သော​အ​ခါ တောင်​ပေါ်​တွင်​သင်္ချိုင်း​အ​ချို့​ကို​တွေ့​မြင်​သ​ဖြင့် ထို​သင်္ချိုင်း​များ​မှ​လူ​ရိုး​တို့​ကို​ထုတ်​ယူ​ကာ ယဇ်​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​စေ​၏။ ဤ​နည်း​အား​ဖြင့် မင်း​ကြီး​သည် ထို​ယဇ်​ပလ္လင်​ကို​ညစ်​ညမ်း​စေ​တော် မူ​သ​တည်း။ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​လွန် လေ​ပြီး​သော​အ​ခါ​က ယေ​ရော​ဗောင်​မင်း​သည် မိ​မိ​ကျင်း​ပ​သည့်​ဘာ​သာ​ရေး​ပွဲ​တော်​အ​ခါ ၌​ယဇ်​ပလ္လင်​အ​နီး​တွင်​ရပ်​လျက်​နေ​စဉ် ပ​ရော ဖက်​တစ်​ပါး​ဟော​ကြား​ခဲ့​သည့်​ဗျာ​ဒိတ်​တော် အ​တိုင်း​ပင်​ဖြစ်​ပေ​သည်။ ယော​ရှိ​မင်း​သည် လှည့်​လည်​၍ ကြည့်​ပြန်​ရာ​ယင်း​သို့​ဟော​ကြား ခဲ့​သည့်​ပ​ရော​ဖက်​၏​သင်္ချိုင်း​ကို​တွေ့​မြင် လျှင်၊-

သူ​ပြော​သော​စ​ကား​မ​ဆုံး​မီ​ပင်​မင်း​ကြီး သည်​ရောက်​ရှိ​လာ​လျက်``ဤ​ဘေး​ဒုက္ခ​နှင့်​ငါ တို့​အား​တွေ့​ကြုံ​စေ​သူ​မှာ ထာ​ဝရ​ဘု​ရား​ပင် ဖြစ်​ပါ​သည်​တ​ကား။ ငါ​သည်​ကိုယ်​တော်​ကူ​မ တော်​မူ​မည်​ကို အ​ဘယ်​ကြောင့်​ဆက်​လက်​စောင့် မျှော်​နေ​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။

ဆင်း​ရဲ​ချမ်း​သာ​မရွေး​ပြည်​သူ​တို့​သည်​သေ ကြ​လိမ့်​မည်။ သို့​ရာ​တွင်​အ​ဘယ်​သူ​မျှ​သူ တို့​အား​သင်္ဂြိုဟ်​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့ အ​တွက်​လည်း​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်​မ​ဟုတ်။ ဝမ်း​နည်း​မှု​ကို​ပြ​သည့်​အ​နေ နှင့်​မည်​သူ​မျှ​မိ​မိ​ကိုယ်​ကို​အ​နာ​တ​ရ ဖြစ်​စေ​ခြင်း၊ ခေါင်း​ရိတ်​ခြင်း​ပြု​ကြ​မည် မ​ဟုတ်။-

သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​ရှိ​သည့်​ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ငါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​မ​ဟာ​နာ​မ တော်​ကို​တိုင်​တည်​၍​မြွက်​ဆို​သည့်​က​တိ တော်​ကို ယ​ခု​သင်​တို့​နား​ထောင်​ကြ​လော့။ သင်​တို့​သစ္စာ​က​တိ​ပြု​ကြ​ရာ​တွင်`အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည် အ​တိုင်း' ဟု​ငါ​၏​နာ​မ​တော်​ကို​မြွက်​ဆို ရန်​နောင်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​တို့​အား ငါ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-

သေ​မင်း​သည်​ငါ​တို့​၏​ပြူ​တင်း​ပေါက်​အား​ဖြင့် ငါ​တို့​ဘုံ​ဗိ​မာန်​များ​သို့​ဝင်​ရောက်​လာ​လေ​ပြီ။ သူ​သည်​လမ်း​များ​ပေါ်​ရှိ​က​လေး​သူ​ငယ် တို့​နှင့်၊ စျေး​ရပ်​ကွက်​များ​ရှိ​လူ​ငယ်​လူ​ရွယ်​တို့​ကို သတ်​ဖြတ်​လေ​ပြီ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-

ကိုယ်​တော်​သည်​မိ​မိ​၏​အ​မိန့်​တော်​ကို အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရန် ငါ့​ကို​စေ​ခိုင်း​တော်​မူ​၏။ သင်​တို့​သည်​ဗိ​မာန် တော်​ခိုင်​ခံ့​မှု​ကို​ဂုဏ်​ယူ​ဝါ​ကြွား​ကြ​၏။ ဗိ​မာန် တော်​ကို​ကြည့်​ရှု​လို​ကြ​၏။ ဗိ​မာန်​တော်​သို့ သွား​ရောက်​လို​ကြ​၏။ သို့​ရာ​တွင်​ထာ​ဝ​ရ ဘု​ရား​သည်​ထို​ဗိ​မာန်​တော်​ကို​ညစ်​ညမ်း​စေ တော်​မူ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကျန် ရစ်​ခဲ့​သော​သင်​တို့​၏​အိမ်​ထောင်​စု​သား​လူ ငယ်​များ​သည်​လည်း​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ လိမ့်​မည်။-

ဤ​မျှ​ဆိုး​ယုတ်​သော​ခေတ်​ကာ​လ​၌​လိမ္မာ​ရေး ခြား​ရှိ​သူ​သည် နှုတ်​ပိတ်​ရေ​ငုံ​နေ​မည်​မှာ​မ ဆန်း​တော့​ပေ။

ထို​နေ့​၌​နန်း​တွင်း​တေး​သံ​တို့​သည် ငို​ကြွေး သံ​များ​အ​ဖြစ်​သို့​ကူး​ပြောင်း​သွား​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​၌​အ​လောင်း​ကောင် များ​ရှိ​နေ​ပြီး ယင်း​အ​လောင်း​များ​ကို​တိတ် တ​ဆိတ်​စွန့်​ပစ်​ကြ​လိမ့်​မည်'' ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က​မော​ရှေ အား``အ​ကျွန်ုပ်​တို့​၏​ဘ​ဝ​ဆုံး​ရှုံး​ပါ​ပြီ။-

သူ​ရဲ​ကောင်း​အ​ချို့​တို့​သည် ဗက်​ရှန်​မြို့​ကို တစ်​ည​လုံး​ချီ​တက်​သွား​ကြ​၏။ သူ​တို့​သည် ရှော​လု​နှင့်​သား​တော်​တို့​၏​အ​လောင်း​များ ကို​မြို့​ရိုး​မှ​ဖြုတ်​ယူ​ပြီး​လျှင် ယာ​ဗက်​မြို့ သို့​သယ်​ဆောင်​၍​မီး​သင်္ဂြိုဟ်​လိုက်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ