အာမုတ် 4:4Common Language Bibleအထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊- အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
ထာဝရဘုရားက``သူတို့သည်ဂိလဂါလ မြို့တွင်ဒုစရိုက်များကိုစတင်ကူးလွန် ကြသဖြင့် ထိုအချိန်မှစ၍ငါသည်သူ တို့ကိုမုန်းတီး၏။ သူတို့ကူးလွန်ခဲ့သော ဒုစရိုက်အပြစ်ကြောင့်ငါ၏ပြည်မှသူ တို့ကိုနှင်ထုတ်မည်။ ငါသည်သူတို့အား မချစ်တော့ပြီ။ သူတို့၏ခေါင်းဆောင် အပေါင်းသည်ငါ့အားပုန်ကန်ခဲ့ကြ၏။-
``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-