အာမုတ် 4:12Common Language Bible``သို့ဖြစ်သောကြောင့် အို ဣသရေလပြည်သား တို့၊ ငါသည်သင်တို့ကိုအပြစ်ပေးရတော့ မည်။ ဤသို့အပြစ်ပေးမည့်အတွက်ကြောင့် ဘုရားသခင်စီရင်တော်မူချက်ကိုခံယူ ရန်အသင့်ပြင်ကြလော့။'' အခန်းကိုကြည့်ပါ။ |
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-