ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။ ခြင်္သေ့ပျိုသည်ဘယ်အရာကိုမျှမဖမ်းမိ ဘဲ မိမိဂူအတွင်း၌အကြောင်းမဲ့ကြုံး ဝါးနေမည်လော။
ခြင်္သေ့ပျိုတို့သည်အစာရှာနေစဉ်ဟောက်ကြပါ၏။ သူတို့သည်ထာဝရဘုရားချပေးတော်မူသော အစာကိုရှာကြ၍
``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
ငါသည်ခြင်္သေ့သဖွယ်ဣသရေလပြည် သားနှင့်ယုဒပြည်သားတို့ကိုတိုက်ခိုက် မည်။ ငါကိုယ်တော်တိုင်သူတို့ကိုအစိတ်စိတ် အမြွှာမြွှာဆုတ်ဖြဲပြီးနောက်စွန့်ပစ်ထား မည်။ ငါသည်သူတို့ကိုဆွဲငင်ထုတ်ယူသွား သည့်အခါမည်သူမျှသူတို့ကိုမကယ် နိုင်။''
အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''
လူနှစ်ဦးသည်တွေ့ဆုံရန်မချိန်းဆိုဘဲ အတူခရီးပြုနိုင်မည်လော။
အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။ တစ်စုံတစ်ရာကိုဖမ်းမိသောကြောင့်သာ ကျော့ကွင်းပြုတ်သွားရသည်မဟုတ်လော။
ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။