Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 3:15

Common Language Bible

ငါ​သည်​သူ​တို့​ဇိမ်​ခံ​ရာ​နွေ​ရာ​သီ​ဂေ​ဟာ​နှင့် ဆောင်း​ရာ​သီ​အိမ်​တော်​များ​ကို​ဖျက်​ပစ်​မည်။ ဆင်​စွယ်​ဖြင့်​မွန်း​မံ​သော​အိမ်​ရာ​များ​ပြို​လဲ ကြ​၍ မ​ဟာ​ဂေ​ဟာ​မှန်​သ​မျှ​ပျက်​စီး​ရ မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​မင်း​၏​ဆင်​စွယ်​နန်း​တော်​အ​ကြောင်း နှင့် သူ​တည်​ထောင်​ခဲ့​သော​မြို့​များ​အ​ပါ​ဝင် သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ​ရှိ သ​မျှ​ကို​ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး ထား​သ​တည်း။-

အ​ရှင်​မင်း​ကြီး​၏​ဝတ်​လဲ​တော်​တို့​သည် မု​ရန်၊အ​ကျော်၊ သစ်​ကြ​ပိုး​ရနံ့​တို့​ဖြင့်​မွှေး​ကြိုင်​လျက်​ရှိ​ပါ​၏။ ဂီ​တ​ပ​ညာ​သည်​တို့​သည်​ဆင်​စွယ်​နန်း​တော်​များ​တွင် အ​ရှင်​မင်း​ကြီး​အား​ဖျော်​ဖြေ​ကြ​ပါ​၏။

အ​နန္တ​တန်ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ဤ​ကြီး ကျယ်​လှ​ပ​သည့်​အိမ်​များ​သည်​လူ​သူ​မ​ရှိ သည့်​အိမ်​ပျက်​များ​ဖြစ်​ရ​ကြ​လိမ့်​မည်။-

ထို​ကာ​လ​သည်​ဆောင်း​အ​ခါ​ဖြစ်​၍​မင်း ကြီး​သည် မိ​မိ​၏​ဆောင်း​ရာ​သီ​စံ​နန်း အ​တွင်း​မီး​အိုး​ကင်း​ရှေ့​တွင်​ထိုင်​လျက်​နေ​၏။-

ထို့​ကြောင့်​ငါ​သည်​ယု​ဒ​ပြည်​ပေါ်​သို့​မီး​မိုး ရွာ​စေ​ပြီး​ယေ​ရု​ရှ​လင်​မြို့​၏​ရဲ​တိုက်​များ ကို​ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

သို့​ကြောင့်​ရန်​သူ​တစ်​နိုင်​ငံ​သည်​သူ​တို့​၏ မြို့​များ​ကို​ဝိုင်း​ရံ​၍ သူ​တို့​၏​ခံ​တပ်​များ ကို​ဖြို​ခွင်း​လိုက်​မည်။ သူ​တို့​၏​ဘုံ​နန်း​များ ကို​လည်း​လု​ယက်​ဖျက်​ဆီး​လိမ့်​မည်'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။

သင်​တို့​သည်​ဆင်း​ရဲ​သား​တို့​ကို​ဖိ​နှိပ်​၍ သူ တို့​၏​ဂျုံ​စ​ပါး​ကို​လု​ယက်​ကြ​ပြီ။ ထို့​ကြောင့် သင်​တို့​ကိုယ်​တိုင်​အ​ဖို့​ဆောက်​လုပ်​ခဲ့​သော တိုက်​တာ​ကောင်း​များ​၌​သင်​တို့​သည်​မ​စံ ရ​ကြ။ ကိုယ်​တိုင်​စိုက်​ပျိုး​ခဲ့​သော​ကြည်​နူး စ​ရာ​စ​ပျစ်​ဥ​ယျာဉ်​များ​မှ​စ​ပျစ်​ရည်​ကို လည်း​မ​သောက်​ရ​ကြ။-

ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကြောင့်​အိမ် ရာ​ကြီး​ငယ်​တို့​သည် အ​စိတ်​စိတ်​အ​မြွှာ မြွှာ​ပြို​ကွဲ​ပျက်​စီး​သွား​ရ​လိမ့်​မည်။-

အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။

မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ