Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 2:6

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ဣသ​ရေ​လ​ပြည်​သား တို့​သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့်​ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ကြွေး​မ​ဆပ် နိုင်​သော​ရိုး​ဖြောင့်​သူ​များ​နှင့် ခြေ​နင်း​တစ် ရံ​အ​တွက်​ကို​မျှ​ကြွေး​မ​ဆပ်​နိုင်​သော ဆင်း​ရဲ​သား​တို့​ကို​ကျွန်​အ​ဖြစ်​ရောင်း​ချ ကြ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘုရင် သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သုံ့​ပန်း​များ အ​ဖြစ်​ဖမ်း​သွား​ပြီး​လျှင်​အ​ချို့​ကို​ဟာ​လ​မြို့​၌ လည်း​ကောင်း၊ အ​ချို့​ကို​ဂေါ​ဇန်​ခ​ရိုင်​ဟာ​ဗော်​မြစ် အ​နီး​၌​လည်း​ကောင်း၊ အ​ချို့​ကို​မေ​ဒိ​ပြည်​ရှိ မြို့​များ​၌​လည်း​ကောင်း​နေ​ထိုင်​စေ​၏။

ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​ခြင်း​မှာ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ဘဲ ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ချိုး ဖောက်​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့် ထိန်း​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​စ​ကား တော်​ကို​နား​မ​ထောင်​အ​မိန့်​တော်​ကို​လည်း မ​လိုက်​နာ​ကြ။

ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​ဆင်း​ရဲ​သူ​တို့ အား မိ​မိ​တို့​ရ​ပိုင်​ခွင့်​များ​ကို​မ​ရ​ရှိ​ကြ စေ​ရန်၊ တ​ရား​သ​ဖြင့်​သင်​တို့​သည်​စီ​ရင် ဆုံး​ဖြတ်​မှု​များ​ကို​မ​ခံ​ရကြ​စေ​ရန်​ပြု ကြ​၏။ မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​၏ ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​သိမ်း​ယူ​ကြ​၏။-

ဘု​ရား​သ​ခင်​သည်​သူ​တစ်​ပါး​တို့​ကို အ​သ​ရေ​ဖျက်​သူ​များ၊ ရာ​ဇ​ဝတ်​သင့်​သူ တို့​ကို​အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​အောင်​ဆောင် ရွက်​ကြ​သူ​များ​နှင့်​ရိုး​ဖြောင့်​သူ​တို့​တ​ရား မျှ​တ​စွာ​စီ​ရင်​ဆုံး​ဖြတ်​ခြင်း​မ​ခံ​ရ​စေ ရန်​လိမ်​လည်​၍ သက်​သေ​ခံ​သော​သူ​တို့ အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။

``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-

သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။

ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​အား မိ​မိ​တို့​တိုင်း​ပြည်​မှ ရပ်​ဝေး​သို့​ခေါ်​ဆောင်​ကာ၊ ဂ​ရိ​အ​မျိုး သား​တို့​ထံ​တွင်​ရောင်း​စား​ခဲ့​ကြ​၏။-

သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ