Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 2:15

Common Language Bible

လေး​ကို​ကိုင်​စွဲ​ထား​သော​သူ​များ​သည်​လည်း ရပ်​တည်​ခြင်း​ငှာ​မ​တတ်​နိုင်​ကြ။ လျင်​မြန်​စွာ ပြေး​နိုင်​သူ​များ​သည်​လည်း​လွတ်​လိမ့်​မည် မ​ဟုတ်၊ မြင်း​ပေါ်​မှ​လူ​များ​သည်​လည်း​မိ​မိ တို့​အ​သက်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည် မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။

အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​နတ်​ဘု​ရား​များ မ​ဟုတ်။ သာ​မန်​လူ​သား​များ​သာ​လျှင်​ဖြစ်​ပါ သည်​တ​ကား။ သူ​တို့​၏​မြင်း​များ​သည်​လည်း နတ်​မြင်း​များ​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ရေး ယူ​ဆောင်​ရွက်​တော်​မူ​သော​အ​ခါ ခွန်​အား​ကြီး မား​သည့်​လူ​မျိုး​သည်​ကြေ​မွ​၍​သွား​လိမ့်​မည်။ အ​ကူ​အ​ညီ​ရ​သည့်​လူ​မျိုး​သည်​လည်း​ပြို​လဲ ၍​သွား​လိမ့်​မည်။ ထို​လူ​မျိုး​နှစ်​မျိုး​စ​လုံး​ပင် ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။

သူ​တို့​သည်​ဗာ​ဗု​လုန်​မြို့​ကို​သုတ်​သင်​ဖျက်​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​လေ​ပြီ။ ဗာ​ဗု​လုန်​စစ်​သည်​တော်​တို့​သည် အ​ဖမ်း​ခံ​ရ​ကြ​၏။ သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​၍​သွား ကြ​၏။ ငါ​သည်​ဒု​စ​ရိုက်​ပြု​သူ​တို့​ဆုံး​မ​တတ်​သော ဘု​ရား​ဖြစ်​၏။ ဗာ​ဗု​လုန်​မြို့​အား​ထိုက်​လျောက်​သည့်​အ​တိုင်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။

ထို့​နောက်​သူ​၏​လက်​ဝဲ​လက်​မှ​လေး​နှင့် လက်​ယာ​လက်​မှ​မြား​တို့​ကို​ပုတ်​ချမည်။-

ယဇ်​ပလ္လင်​အ​နီး​၌​ရပ်​နေ​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​ကို​ငါ​တွေ့​ရ​၏။ ကိုယ်​တော်​ရှင်​က``ဗိ​မာန် တော်​တစ်​ခု​လုံး​ကို​သိမ့်​သိမ့်​တုန်​သွား​စေ​ရန် ဗိ​မာန်​တော်​တိုင်​၏​ထိပ်​ဖျား​ကို​ရိုက်​ချိုး​လော့။ ထို​အ​ရာ​တို့​ကို​ချိုး​၍​လူ​တို့​၏​ခေါင်း​ပေါ် သို့​ကျ​စေ​လော့။ ကျန်​ရစ်​သူ​များ​ကို​စစ်​ပွဲ​၌ ငါ​ကွပ်​မျက်​မည်။ မည်​သူ​မျှ​လွတ်​မည်​မ​ဟုတ်။ မည်​သူ​တစ်​ဦး​မျှ​ပြေး​မ​လွတ်​နိုင်။-

တိုင်း​နိုင်​ငံ​တို့​ကို​ဖြို​ခွင်း​ကာ​သူ​တို့​၏​တန် ခိုး​အာ​ဏာ​ကို​ပျက်​သုဉ်း​စေ​မည်။ စစ်​မြင်း ရ​ထား​များ​ကို​ရ​ထား​ထိန်း​များ​နှင့်​တ​ကွ မှောက်​လှန်​ပစ်​မည်။ မြင်း​တို့​သည်​သေ​ကြ လိမ့်​မည်။ မြင်း​စီး​သူ​ရဲ​တို့​သည်​လည်း အ​ချင်း​ချင်း​သတ်​ဖြတ်​ကြ​လိမ့်​မည်။-

ယု​ဒ​ပြည်​သား​တို့​သည်​လမ်း​များ​ပေါ်​ရှိ ရွှံ့​နွံ​ထဲ​တွင် ရန်​သူ​များ​ကို​ကျော်​နင်း​ပစ် ကြ​သည့်​စစ်​သည်​တော်​များ​ကဲ့​သို့​အောင်​ပွဲ ခံ​ရကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​တို့​သည်​ရန် သူ​မြင်း​စီး​သူ​ရဲ​များ​ကို​ပင်​လျှင်​တိုက် ခိုက်​နှိမ်​နင်း​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ