သို့ကြောင့်ငါသည်ဂါဇမြို့ရိုးများ အပေါ်သို့မီးမိုးရွာစေပြီး ဂါဇ ရဲတိုက်များကိုပြာချလိုက်မည်။-
ဖိလိတ္တိပြည်သားတို့ကိုလည်းတိုက်ခိုက်နှိမ်နင်း လေ၏။ ဂါဇမြို့နှင့်ပတ်ဝန်းကျင်နယ်မြေအပါ အဝင်သူတို့နေထိုင်ရာ အငယ်ဆုံးကျေးရွာ မှအကြီးဆုံးမြို့သို့တိုင်အောင်သွားရောက် တိုက်ခိုက်လုယက်လေသည်။
သြဇိသည်ဖိလိတ္တိအမျိုးသားတို့အား စစ် ဆင်တိုက်ခိုက်ကာ ဂါသမြို့၊ ယာဗနေမြို့နှင့် အာဇုတ်မြို့တို့၏မြို့ရိုးများကိုဖြိုချပြီး လျှင်အာဇုတ်မြို့အနီးနှင့်ဖိလိတ္တိပြည်အခြား ဒေသများ၌တံတိုင်းကာရံထားသောမြို့ များကိုတည်ထောင်တော်မူ၏။-
ဂါဇမြို့ကိုအီဂျစ်ဘုရင်မတိုက်ခိုက်မီ ဖိလိတ္တိအမျိုးသားများကိုရည်မှတ်၍ ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။
ဂါဇမြို့သူမြို့သားတို့သည်များစွာ ဝမ်းနည်းကြေကွဲရကြလေပြီ။ အာရှကေလုန်မြို့သူမြို့သားတို့သည်လည်း ဆိတ်ဆိတ်နေကြ၏။ ကြွင်းကျန်၍နေသောဖိလိတ္တိပြည်သူတို့ သည်အဘယ်မျှ ကြာကြာငိုကြွေးမြည်တမ်းလျက်နေကြ မည်နည်း။
ငါသည်အီဂျစ်ပြည်ကိုမီးလောင်ကျွမ်းစေ ၍ ထိုပြည်၏ဘက်မှခုခံကာကွယ်ကြသူ တို့အသတ်ခံရသောအခါ ငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိကြ လိမ့်မည်။
ငါသည်မာဂေါဂပြည်နှင့်လူတို့ငြိမ်းချမ်း စွာနေထိုင်လျက်ရှိသည့်ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်ကိုမီးသင့်လောင်စေမည်။ ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းလူတိုင်းသိရှိကြလိမ့်မည်။-
ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။-
ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
ဂါဇမြို့တွင်လူတစ်စုံတစ်ယောက်မျှကျန် ရှိလိမ့်မည်မဟုတ်။ အာရှကေလုန်မြို့သည် လူသူဆိတ်ငြိမ်ရာဖြစ်လိမ့်မည်။ အာဇုတ် မြို့သားတို့သည်တစ်နေ့ချင်းတွင်အနှင် ခံရကြလျက်ဧကြုန်မြို့သားတို့သည် ထိုမြို့မှထွက်ပြေးရကြလိမ့်မည်။-
မိတ်ဆွေတို့ဘယ်သောအခါမျှလက်စား မချေကြနှင့်။ ဘုရားသခင်ကသာအပြစ် ဒဏ်စီရင်တော်မူပါစေ။ ကျမ်းစာတော်တွင် ``ထာဝရဘုရားက `ငါသည်လက်စားချေ မည်။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်' ဟုမိန့်တော်မူ၏'' ဟုဖော်ပြသည်။-
ထာဝရဘုရားသည်ရန်သူတို့အားဒဏ်ခတ်၍ လက်စားချေတော်မူမည်။ သူတို့ရှုံးနိမ့်ရသောအချိန်ရောက်လိမ့်မည်။ သူတို့ပျက်စီးရသောအချိန်နီးပြီ။