Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 1:10

Common Language Bible

ထို့​ကြောင့်​ငါ​သည်​တု​ရု​မြို့​ရိုး​များ​အ​ပေါ် သို့​မီး​မိုး​ရွာ​စေ​ပြီး တု​ရု​ရဲ​တိုက်​များ​ကို ပြာ​ချ​လိုက်​မည်​ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တု​ရု​မြို့​နှင့်​ဇိ​ဒုန်​သို့​ပေး​ပို့​နိုင်​သည့်​စစ်​ကူ အ​ကြွင်း​အ​ကျန်​မှန်​သ​မျှ​ကို​ဖြတ်​တောက် ပစ်​ရန် ဖိ​လိတ္တိ​ပြည်​ကို၊သုတ်​သင်​ပယ်​ရှင်း​ရ​မည့် နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လေ​ပြီ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​က​ရေ​တေ​ကမ်း​ခြေ​မှ လာ​သူ​အ​ပေါင်း​ဖြစ်​သည့် ဖိ​လိတ္တိ​အမျိုး​သား​တို့​အား​သုတ်​သင်​ပယ်​ရှင်း​မည်။

ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။-

သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-

သင်​သည်​ရောင်း​ဝယ်​ဖောက်​ကား​ရာ​တွင်​ဆိုး ညစ်​မှု​ကို​ပြု​သ​ဖြင့် သင်​၏​အ​ပြစ်​များ ကြောင့်​သင်​၏​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န များ​ကို​ညစ်​ညမ်း​စေ​၏။ ထို​ကြောင့်​သင့်​ကို ယ​ခု​ကြည့်​ကြ​သူ​အ​ပေါင်း​တို့​ရှေ့​တွင် ငါ သည်​သင်​၏​မြို့​ကို​ပြာ​ပုံ​ဖြစ်​အောင်​မြေ အ​ထိ​လောင်​ကျွမ်း​စေ​၏။ ငါ​တို့​သည်​ပြာ ကို​သာ​လျှင်​မြင်​ရ​ကြ​မည်။-

``တု​ရု​မြို့၊ ဇိ​အုန်​မြို့​နှင့်​ဖိ​လိတ္တိ​ပြည်​အ​ရပ် ရပ်​မှ​လူ​အ​ပေါင်း​တို့ သင်​တို့​သည်​ငါ့​အား အ​ဘယ်​သို့​ပြု​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ​သ​နည်း။ ငါ့​အား​လက်​စား​ချေ​ရန်​ကြိုး​ပမ်း​နေ​ကြ​ပါ သ​လော။ ယင်း​သို့​ကြိုး​ပမ်း​နေ​ကြ​ပါ​မူ၊ ငါ သည်​အ​လျင်​အ​မြန်​ဦး​စွာ​သင်​တို့​အား လက်​စား​ချေ​မည်။-

ထို့​ကြောင့်​ငါ​သည်​ဟာ​ဇေ​လ​မင်း​မျိုး အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဗင်​ဟာ​ဒဒ် မင်း​၏​ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။-

သို့​ကြောင့်​ငါ​သည်​ဂါ​ဇ​မြို့​ရိုး​များ အ​ပေါ်​သို့​မီး​မိုး​ရွာ​စေ​ပြီး ဂါ​ဇ ရဲ​တိုက်​များ​ကို​ပြာ​ချ​လိုက်​မည်။-

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​၏ စည်း​စိမ်​ဥစ္စာ​မှန်​သ​မျှ​ကို​သိမ်း​ယူ​တော် မူ​၍ ပင်​လယ်​ထဲ​သို့​ပစ်​ချ​တော်​မူ​လိမ့်​မည်။ ထို​မြို့​သည်​လည်း​မီး​လောင်​ကျွမ်း​၍​သွား လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ